အဆုံးသတ်ခြင်း

4.6K 195 15
                                    

၇ နှစ်ကြာသော်...

"Happy birthday to you......."

"ခိခိ ဖေ့"

"‌ဗျာ ဗျာ့"

"ကိတ်မုန့် စားလို့ရပြီလားဟင်"

"ခဏလေးစောင့်ပါဉီး ဖေ့သမီးလေးရဲ့"

ဟုတ်ပါသည် မစောမိုရ်သက်လယ် အသက် (၃) နှစ်မွေးနေ့မင်္ဂလာပွဲဟူသောအခန်းအနားဟုမဆိုထိုက်သောမွေးနေ့ပွဲလေးကိုကျင်းပနေကြခြင်းပင်။ထိုကလေးလေးသည်မည်သူမည်ဝါ၏သမီးပါဟုပြောစရာပင်မလိုလောက်တော့ပင်။သေချာပေါက်စောနှင့်မောင်တို့၏သမီးလေးပင်ဖြစ်သည်။

"ဖေ့"

"‌ဗျာ"

"ဟိုမှာ...တီတီနွယ်"

တီတီနွယ်ဟုဆိုတာသမီးလေးလက်ညှိုးထိုးပြရာကိုစိတ်ဝင်တစားဖြင့်လှည့်ကြည့်မိတော့အမှန်တစ်ကယ်ပင်။သူမဟာ ပန်းခက်နွယ် ပင်။နှစ်တွေကြာညောင်းလဲအလှတရားတို့ကမပြောင်းလဲ။နှလုံးသားနှစ်စုံဟာလည်းမပြောင်းလဲပေ။နှလုံးသားတစ်စုံဟာမည်သူလည်းဟုမေးမည်ဆိုလျှင် ပန်းခက်နွယ် ၏ဘေးမှတောက်တဲ့မလေးလိုတွယ်ကပ်နေသည့် ခစ်ဝစ်ရှင်နရီ ပင်။

"ဟယ်..တစ်ကယ်ရောက်လာကြတာပဲ မလာတော့ဘူးတောင်ထင်နေတာ"

"အလို..သမီးလေးမွေးနေ့ပဲရောက်အောင်လာရမှာပေါ့ နော်ခင်"

"ဟုတ်တာပေါ့နွယ်ရဲ့"

"အမလေးနှစ်ယောက်သားအတိုင်အဖောက်ညီနေလိုက်ကြတာ"

"..."

ထိုသို့ပြောလိုက်တော့ရှက်သွား၍ထင်သည်။ပါးမို့မို့လေးများမှာပန်းရောင်သန်းလာကြ၏။နှစ်တွေကြာသွားတာတောင်ရှက်တတ်သည့်အကျင့်ကမပျောက်သေးပုံပင်။မှတ်မိပါသေးသည် လက်ရဲဇာတ်ရဲနိုင်လှသောခင်ဝစ်ရှင်နရီလေးသည် မသိမသာမလှိမ့်တစ်ဖက်နှင့် ပန်းခက်နွယ်ဟူသောမိန်းမပျိုလေး၏ပါးမို့မို့လေးအားမြတ်နိုးမှုအပြည့်နှင့်နမ်းရှိုက်ခဲ့သောနေ့ရက်လေးကို။အနမ်းခံလိုက်ရသောကြောင့်ချစ်ရသူ၏မျက်စောင်းလေးနှင့်ရိုက်ချက်လေးတစ်ချက်ကိုလည်းလက်‌ဆောင်ရလိုက်ပါသေးသည်။

"ကဲ အတိတ်ကအကြောင်းတွေပြန်ပြောချင်သေးလား"

"အတိတ်ကိုအတိတ်မှာပဲချည်နှောင်ထားခဲ့ပါပြီ ပစ္စုပ္ပာန်ကိုမသယ်လာချင်တော့ပါဘူး"

ပန်းပန်လျက်(Complete)Where stories live. Discover now