အပိုင်း(၃)

4.6K 416 2
                                    

နောက်တစ်နေ့မနက်သို့ရောက်သောအခါ....

"အစောရေ နိုးပြီလား"

"ဝှါးးးး"

"ခင် အစောကြီးနိုးနေတာလားကွ"

"ဟုတ်ပအစောရေ မျက်လုံးကအလိုလိုပွင့်လာတယ် ခက်ရချည်ရဲ့"

"ဪ...ဒီလိုနဲ့"စော"တို့အခန်းဘက်ကိုကူးလာတယ်ဆိုပါတော့"

"အဟင်းး ဒါပေါ့အစောရယ် ဒါနဲ့ကြည်ကရောမနိုးသေးဘူးလား"

"ဘယ်က ကာလနဂါးဝင်စားသလဲမသိပါဘူးခင်ရယ် အိပ်တာမှသိုးနေတာပဲကွ"

ရယ်‌သံလေးနဲ့ဟာသလေးရောနှောပြီးပြောနေတဲ့အစောရဲ့မျက်နှာလေးသည် ပကတိဖြူစင်လျက်။

"ဪ...ဒါနဲ့"

"ပြောလေ ခင်"

"မနေ့ညကပြောတဲ့ "ပန်းခက်နွယ်" ဆိုတဲ့တစ်ယောက်ကမ‌ရောက်သေးဘူးလားဟင်"

"ညနေလောက်မှရောက်မယ်ထင်တာပဲ"

"ဟုတ်ပါပီရှင် ခင်ကမေးကြည့်တာပါ"

"မေးလို့ရပါတယ်ရှင် သူစိမ်းတွေမှမဟုတ်ပဲ"

"ဒါနဲ့ဟိုဟာ‌လေ.."

"ခင် ဗိုက်ဆာနေလို့မဟုတ်လား"

"အဟင်းးးး"

"အဲ့တာဆိုတို့နှစ်ယောက်အသုပ်ဆိုင်သွားကြရအောင်လေ"

"အဲ...အသုပ်ဆိုင်ဆိုတာက ဟို..လမ်းထိပ်က"

"ဟုတ်ပါသတဲ့ရှင်"

"ဟီးး လာလာသွားကြမယ်လေနော် ခင်ဗိုက်ဆာနေပြီကွ"

"ခဏစောင့်နော် တို့အဝတ်လဲလိုက်ဦးမယ်"

"ဟုတ်ကဲ့ပါရှင်"

ဟင်းးး..အစောကလည်းကြာလိုက်တာ ဗိုက်ကလည်းဆာလှပြီ ဘယ်လိုလုပ်ရပါ့မလဲ ဗိုက်ထဲမှာသံစုံတီးဝိုင်းကမည်နေပြီ။

"ဟိတ် ဘာတွေတွေးနေတာလဲ"

"အမလေးး လန့်လိုက်တာ"

"အို..မလန့်ပါနဲ့တော်"

"မလန့်ပဲနေမလားရှင့် ရုတ်တရပ်ကြီးကို ကိုယ်ချင်းစာကြည့်ပါလားရှင့် ။လူကကိုယ့်အတွေးနဲ့ကိုယ်..."

"အဲ့တာဆိုလည်းတောင်းပန်ပါတယ်ရှင်"

"ရှင့်ဆီကတောင်းပန်တဲ့စကားကိုလိုချင်လို့ပြော‌တယ်များထင်နေသလား လန့်သွားလို့ပြောလိုက်မိတာရှင့်"

ပန်းပန်လျက်(Complete)Where stories live. Discover now