အပိုင်း(၄)

4.2K 402 9
                                    

‌အဆောင်သို့ပြန်ရောက်သောအခါ...

"နွယ်ရေ အစောတို့ပြန်ရောက်ပြီနော်"

"လာပြီအစောရေ လာပြီ လာပြီ"

လာပြီ ဟူသည့်စကားကိုထပ်ခါတစ်လဲလဲပြော၍အခန်းတွင်းမှထွက်လာသော "ပန်းခက်နွယ်" ဆိုသည့်သူမ...ကြည့်ရတာအထုတ်အပိုးတွေနေရာချနေတာထင်ပါရဲ့လေ။

"ကဲ တစ်ယောက်နဲ့တစ်ယောက်မိတ်ဆက်လိုက်ကြပါဦး"

ဘာတဲ့ မိတ်ဆက်လိုက်ကြပါဦးတဲ့။မိတ်ဆက်ဆိုတော့လည်း..

"မဂ်လာပါ ကျွန်မနာမည်က ပန်းခက်နွယ် ပါ"

"တို့နာမည်က ခင်ဝစ်ရှင်နရီ ပါ"

"အို..နာမည်လေးကလှလိုက်တာ"

"ဒါပေါ့လူလေးကလှတော့နာမည်လေးလည်းလှရတာပေါ့ရှင် ဒါနဲ့ မင်း တို့နဲ့‌တစ်ခန်းထဲတူတူနေရမှာအဆင်မှပြေရဲ့လား အဆင်မပြေရင်..."

အဆင်မပြေရင်ဟူသည့်စကားကိုတမင်ဆွဲ၍ပြောပြီး အစောဘက်ကိုမေးငေါ့ပြလိုက်တော့ ကျွန်မကိုမအူအလည်မျက်နှာလေးနှင့်လာကြည့်နေသောမိန်းမငယ်လေး။

"တို့မေးတာက တို့နဲ့တစ်ခန်းထဲတူတူနေမှာအဆင်မှပြေရဲ့လားလို့"

"အဆင် အဆင်ပြေပါတယ်"

"အဆင်ပြေတယ်ဆိုလည်းပြီးတာပါပဲလေ"

ထိုစဉ် ပန်းခက်နွယ် ဆိုသည့်မိန်းမပျိုလေး၏စိတ်ထဲတွင်...

ကျွန်မမျက်စိရှေ့တွင်မြင်နေရသော "ခင်ဝစ်ရှင်နရီ" အမည်ရှိသောသူမသည်နာမည်လေးနှင့်လိုက်ဖက်စွာ။လူစင်စစ်မှဟုတ်ရဲ့လားလို့တွေးမိရလောက်အောင်လှပလွန်းလှသည်။ကျက်သရေရှိပြီးဆွဲဆောင်မှုရှိသည်ဟုပြောလျှင်ပိုမှန်မည်လား။ထို့အပြင်သူမမေးသည့်စကားများသည်မည်သည့်ဘူတာသို့ဆိုက်ရောက်နေသည်ကိုသိသည်။သို့သော်လည်း..
~~~~~~~~~~~~~~~~~~အခန်းထဲသို့ရောက်သောအခါ..

"မင်း အထုတ်အပိုးတွေနေရာချပြီးပြီလား"

"ဟုတ်ကဲ့ နေရာချပြီးပါပြီ".

"နေရာချပြီးပြီဆိုလည်းပြီးတာပါပဲ ဒါနဲ့ အဲ့လောက်ထိရိုကျိုးနေစရာမလိုပါဘူး"

ပန်းပန်လျက်(Complete)Where stories live. Discover now