အပိုင်း(၅)

3.7K 331 2
                                    

ဒီနေ့...ပထမနှစ်ကျောင်းသူကျောင်းသားများအတွက်ရင်ခုန်စရာအကောင်းဆုံးနေ့ရက်။ပထမဦးဆုံးကျောင်းစတက်ရမည့်နေ့ရက်။

"အဓိပတိလမ်းမပေါ်မှာလျှောက်ဖူးခဲ့ပါသည်...ဒါ ဒါ ဒါ"

"အမလေး ဘယ်သူများလည်းလို့ဖြူရယ် သီချင်းတွေဘာတွေတောင်ဆိုနေပါရောလား"

"အိုကွယ်...သီချင်းမိဆိုတာအပြစ်လား"

"အပြစ်မဟုတ်ရပါဘူးရှင် ဒါပေမဲ့သွားကြရအောင်လေ ‌စောစောလေးသွားကြတာပေါ့နော့်"

"ကောင်းသားပဲ အစောရေ လာဟေ့ သွားကြမယ်"

"လာပြီ ဖြူရေ လာပြီ လာပြီ"

ပြောရင်းဆိုရင်အခန်းထဲမှထွက်လာပြန်သည်...ဒါနဲ့နေပါဦး..

"အလိုတော်...ထဘီကလည်းရှည်လိုက်တာ အပေါ်တင်ဦး"

"တိုအောင်ဝတ်ထားတာပဲခင်ကလည်း.."

"အို..မရပါဘူး နည်းနည်းပဲနည်းနည်းပဲ"

"ကဲ..ရပြီလား"

"ရပြီ ရပြီ လာသွားကြရအောင်"

သည်လိုနှင့် ကျောင်းတော်ကြီး၏ပျိုးပင်လေးများဖြစ်ကြသောပထမနှစ်ကျောင်းသူကျောင်းသားများထဲတွင်အပါအဝင်ဖြစ်သည့် မိန်းမပျိုလေးဦးသည်အဓိပတိလမ်းမထက်တွင်ခြေလှမ်းများညီညာလျက်ကျောင်းတော်ကြီးဆီသို့။

ထိုမိန်းမပျိုလေးဦးမှာ....

"မဂ်လာပါ တို့နာမည်က ကြည်ဖြူသွင်ပါ"

"အားလုံးပဲမဂ်လာပါရှင် စောစစ်ကလျာ ပါ"

"အဟင်းးး ခင့်နာမည်က ခင်ဝစ်ရှင်နရီ ပါ"

"ကျွန်မနာမည်က ပန်းခက်နွယ်..."

ဤသည်ကအတန်းထဲတွင်တစ်ယောက်နှင့်တစ်ယောက်မိတ်ဆက်ရာတွင်ထွက်ပေါ်လာသည့်ကွဲပြားသည့်နှုတ်ဆက်ပုံကွဲပြားသည့်အသံနှင့် ကွဲပြားသည့်အလှတရားတို့ပင်ဖြစ်ပေသည်။

နှုတ်ဆက်စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ကျောင်းသူကျောင်းသားများအားလုံးကိုယ့်နေရာ၌ကိုယ်ထိုင်၍သာပထမဆုံးသင်ခန်းစာကိုသေသေချာချာလေ့လာမှတ်သားမည်ဟုထင်ပါသလော။
~~~~~~~~~~~~~~~~~~
ကန်တင်းဟုအများခေါ်သော ကျောင်းတစ်ကျောင်းတွင်အရေးပါအ‌ရာရောက်၍အဓိကနေရာဟုပြောရလောက်အောင်ပင်အရေးပါသည့် သံစုံတီဝိုင်းတီးနေသောမိမိဝမ်းဗိုက်၏လိုလားတောင်းတသမျှပြည့်အောင်ဖြည့်စွမ်းပေးသည့်နေရာပင်။

ပန်းပန်လျက်(Complete)Where stories live. Discover now