Zawgyi
မနက်ခင်းတိုင်းတွေ့နေကျနေရာလေးတွင် မျှော်နေသူဟာပေါ်မလာခဲ့။တော်တော်လေးနောက်ကျနေတာမို့ သစ်ပင်အအုပ်အသိုက်များရှိရာ ဆီမှ ထွက်ခွာ၍ နတ်သားလေးအခန်းဆီပထမဆုံးအကြိမ်သွားဖြစ်ခဲ့သည်။အမြဲလိုလို နတ်သားလေးကသာလာတွေ့နေကျဖြစ်၍ ပုံမှန်မဟုတ်တော့သလို ဟိုတွေးဒီတွေးနှင့် ရင်တွေပူလာသည်။နတ်သားလေးနဲ့ပတ်သတ်ရင် ထိုမျှလောက်ထိသူဟာစိတ်ထိခိုက်လွယ်သည်။ ကံဆိုးမှုတွေသာ ရွေးဖယ်ထားပေးတဲ့ကံကြမ္မာက ဘယ်အချိန်မှာနတ်သားလေးကို သူ့ရင်ခွင်ထဲက ဆွဲထုတ်သွားမလဲ ဆိုသည့်စိတ်နှင့် အိပ်ပျက်ညတွေ ပြန်ပေါ်ပေါက်လာသည်။
အခန်းနားရောက်ခါနီးတွင် မျက်စိရှေ့သို့ ရောက်လာသော ဈေးကြီးဖိနပ်အစုံပေါင်းများစွာက ဆက်သွား၍မရအောင်ပိတ်ထားသည်။
နတ်သားလေးကိုမျက်မြင်တွေ့ရမှ သူ့စိတ်အေးချမ်းရမှာမို့ လာရှုပ်နေသော လူတွေအား မျက်လုံးလှန်ကြည့်လိုက်သည်။အရင်တခါက ပုခုံးချင်းဝင်တိုက်တာလေးကို ကမ္ဘာပြိုမည့်ကိစ္စလို အသည်းအသန်ဖြစ်နေသော သုံးယောက်၏ရှေ့တွင် တခြားတယောက်ထပ်တိုးလာသည်။ရွှံအိုင်ထဲက စာအုပ်တွေကို အလောကြီးနေခဲ့သော်လည်း ထိုသူဟာ ထို့နေ့ကဝင်တိုက်ခဲ့တဲ့ ယုံးဘင်ဆိုသူမှန်း မှတ်မိသည်။
နတ်သားလေးနှုတ်မှ မကြာခဏကြားနေရတဲ့ ယုံးဘင်ကို အခုထိပ်တိုက်တွေ့ခွင့်ရပြီပေါ့။နတ်သားလေးနဲ့ ပတ်သတ်ဆက်နွယ်နေသည့် သူ့ကိုကြည့်တဲ့ မျက်လုံးတွေက မရိုးသားဘူး။ကင်ထယ်ယောင်းကို ပတ်ဂျီမင်ဘေးနားမမြင်ချင်လို့ ရှင်းထုတ်ပစ်ချင်နေတဲ့အကြည့်တွေ။
မြွေမြွေချင်းခြေမြင်တယ်ဆိုသလိုပေါ့။သူကကျွန်တော့်ပြိုင်ဘက်ဆိုတာ မျက်လုံးတွေကိုကြည့်လိုက်တာနှင့် အလိုလိုသိနေသည်။ပြိုင်ဘက်လို့ပြောလိုက်ရင် ကျွန်တော့်ဘက်ကနာသွားမယ်ထင်တယ်။နတ်သားလေးရဲ့ အချစ်တွေအကြင်နာတွေကိုကျွန်တော်ကလက်ရှိမှာ အပြည့်အဝရထားနှင့်ပြီလေ။အဲ့ဒါကြောင့်ထင်တယ်…။သူတို့တွေရှေ့မှာ ကျွန်တော်အားငယ်စိတ် အလျှင်းမရှိပေ။နတ်သားလေးကို အကောက်ကြံပြီး လုယူမသွားဖို့သာ ကျွန်တော်ကာကွယ်ရမှာ။မလွဲမသွေထိုကဲ့သို့ဖြစ်လာမယ်ဆိုရင်ဘယ်လိုနည်းနဲ့မဆို နတ်သားလေးကို ရယူပိုင်ဆိုင်နိုင်ဖို့အကောင်းတွေအဆိုးတွေ စဉ်းစားသွားမှာမဟုတ်ဘူး။
YOU ARE READING
🔪The Spirit Of Devil🔪✳VMIN✳{completed}
Randomရုန်းထွက်ဖို့ခက်တဲ့ပင့်ကူအိမ်ထဲစူးစမ်းချင်စိတ်နဲ့မင်းကိုယ်တိုင်ငြိတွယ်ခဲ့တာ မင်~~ အေးဆေးရှင်သန်ချင်တဲ့ကိုယ့်နှလုံးသားထဲ တန်းမတ်စွာငြိတွယ်ခဲ့တဲ့မင့်ကို ကိုယ်တသက်လုံးဖမ်းချုပ်ထားချင်တာ~~ ရုန်းထွက်ဖို့ခက်တဲ့ပင့်ကူအိမ်ထဲစူးစမ်းချင်စိတ်နဲ့မင်းကိုယ်တိုင်ြ...