part 13

648 105 22
                                    


တောင်တန်းတွေရဲ့အောက်ခြေမှာရှိတဲ့ ဘယ်လူမှမနေကြတဲ့တောတွင်းတနေရာ။မနေရဲတဲ့လူတွေကိုမျက်ကွယ်ပြုပြီးထိုတောထဲနှစ်ထပ်သစ်သားကြီးဆောက်နေကြတဲ့မိသားစုတစ်စုဟာ သားသတ်တဲ့အလုပ်ကိုလုပ်ကိုင်စားကြတာမို့ လူတွေဟာသူတို့ကိုတွေ့ရင် မကောင်းဆိုးဝါးတွေလိုရှောင်ဖယ်ကြတယ်။လုပ်တဲ့အလုပ်ကိုက တိရစ္ဆာန်တွေကို ရက်ရက်စက်စက်သတ်ဖြတ်ကြရတော့ သူတို့မိသားစုဟာမကြင်နာပါ။ယောကျာ်းဖြစ်သူဘက်က အရင်အိမ်ထောင်နဲ့ ပတ်သတ်နေ
သေးသောအခါ မိန်းမဖြစ်သူနဲ့ ရန်မဖြစ်တဲ့ရက်ဆိုတာမရှိ။

ညယံအချိန်မှာ တတောလုံးမှောင်မဲနေကာ နှစ်ထပ်အိမ်လေးထဲတွင်တော့ မီးရောင်မှိန်ပျပျလေးလင်းနေသည်။ပိုးမွှားကောင်လေးတို့ရဲ့အော်မြည်သံလေးများကလွဲရင် အပြင်ပတ်ဝန်းကျင်ဟာတိတ်ဆိတ်နေသော်လည်း ထိုအိမ်လေးထဲတော့လူနှစ်ယောက်ရဲ့အော်ဟစ်ပြောဆိုသံတွေနဲ့ဆူညံနေသည်။

"ရှင်တော်တော်တကိုယ်ကောင်းဆန်တဲ့လူပဲ...ကျွန်မတို့သားအမိကိုတော့သူတောင်းစားလိုထားပြီးရှင့်မယားဟောင်းနဲ့ သားသမီးတွေကိိုတော့ ဘာ$လုပ်မှမလုပ်လည်းအလကားကျွေးမွေးနေတာ...ရှင့်မယားဟောင်းကရှင့်အပေါ်ကောင်းခဲ့လို့လားဟမ်...."

"မင်း$ပါးစပ်ကိုပိတ်ထား..တနေကုန်သားသတ်လိုက် စျေးထဲသွားပို့လိုက်နဲ့ငါပင်ပန်းလာတာ..အိမ်ကနေပြီးမင်းဘာအထွန့်မှမတက်နဲ့..ငါ့သားသမီးတွေကိုငါပေးတာဘာဖြစ်လဲ..ငါစိတ်ပျက်လာရင်မင်းတို့သားအမိနှစ်ယောက်လုံးကိုထားခဲ့လိုက်မှာ"

အိပ်ရန်အားပြင်နေသောမျက်လုံးတွေဟာ ဆူညံနေတဲ့အသံတွေကြောင့်ဖြတ်ခနဲပွင့်လာသည်။အောက်ထပ်က တယောက်တခွန်းအော်ဟစ်သံတွေဟာ အပေါ်ထပ်ကမှောင်မဲနေတဲ့အခန်းငယ်ထဲ ကျယ်လောင်စွာကြားရသည်။ကုတင်သေးသေးလေးပေါ်မှထလိုက်ပြီး အခန်းအပြင်ထွက်ကာ လှေကားထိပ်မှ ချောင်းကြည့်လိုက်တော့ အမေဖြစ်သူအား ပါးရိုက်လိုက်သော အခို
က်အတန့်နဲ့တိုးသည်။အဖေဟာ အရမ်း​ကြောက်စရာကောင်းနေသည်။အမေ့ကိုသတ်ချင်နေတဲ့မျက်လုံးတွေနဲ့ ကြမ်းကြုတ်ခက်ထန်လွန်းသည်။

🔪The Spirit Of Devil🔪✳VMIN✳{completed}Where stories live. Discover now