Part 20

546 89 15
                                    

Unicode

သေခြင်းဆိုတာလည်းအလွန်ဆန်းကြယ်တဲ့အရာမျိုး။လောကကြီးထဲတနေ့ပြီးတနေ့အသက်ရှင်နေရတာငြီးငွေ့လွန်းလို့ စောင့်မျှော်နေချိန်တုန်းက လက်ဖျံပေါ်မှာbladeဓားရာတွေဘယ်လောက်ထင်ထင် ဒီခန္ဓာကြီးကအသက်ကိုပုံမှန်ရှူနေဆဲ။
မုန်းတီးခဲ့တဲ့ဖြစ်ရပ်တွေကိုနားလည်စပြုနေပြီး မယုံကြည်ခဲ့တဲ့အချစ်ကို ကိုးကွယ်မိချိန်မှ သေခြင်းဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတယ်။

မေတ္တာတွေလွှမ်းခြုံပေးနေတဲ့ လူသားငယ်ဆီကထားခဲ့တာမျိုးလည်းမလိုချင်ဘူး။ထားရစ်သူလည်းမဖြစ်ချင်တော့တဲ့အခါ ဆက်ပြီးအသက်ရှင်ချင်စိတ်သာ ကြီးစိုးနေတယ်။သေလို့မဖြစ်သေးဘူးဆိုတဲ့အသိတရားကကိုယ်ခန္ဓာလှုပ်မရတဲ့အခြေအနေမှာတောင်ခေါင်းထဲအပြည့်ရှိနေတယ်။မှောင်မိုက်ခြင်းတွေကြားထဲမှာအသိတခု
ကြောင့် ထွက်ပြေးလိုက်ချင်ပေမဲ့ မျက်လုံးတွေကိုဖွင့်ကြည့်ဖို့ မတတ်သာဘူး။

"ချစ်တယ်..ထယ်​ယောင်း...."

"သတိရတယ်...."

"ငါချစ်တာမင်းကိုပဲအဲဲ့ဒါကြောင့်တခြားဘာမှမတွေးပါနဲ့..."

"အိမ်မက်လှလှမက်ပါစေ...ငါ့ထယ်ယောင်းလေး.."

ကျေးဇူးပြုပြီး..အသံတွေရဲ့ပိုင်ရှင်ဆီခေါ်သွားပေးပါ။အားအင်တွေအရမ်းဆုတ်ယုတ်နေပြီမို့ ဒီအမှောင်ကနေဖောက်ထွက်ချင်ပြီ။မဆုံးနိုင်တဲ့အမှောင်ကမ္ဘာထဲက ဟိုးတနေရာမှာ မှုန်တိမှုန်ဝါးအလင်းရောင်လေးတခု။ဒါဟာသူရဲ့လမ်းစသစ်ကလေးလား။တလှမ်းမှမရွေ့ချင်အောင် မောပန်းနေတဲ့ခန္ဓာကိုယ်ကိုသယ်ရင်း ထိုအလင်းရောင်လေးပျောက်ကွယ်သွားမှာစိုးလို့တဟုန်ထိုးပြေးနေမိတယ်။နီးကပ်လာလေလေတဖြည်းဖြည်းကြီးမားလာတဲ့အလင်းစူးစူးတို့ကြား တိုးဝင်သွားလိုက်တဲ့အခါ.....ခန္ဓာကိုယ်ရဲ့ထိတွေ့မှုတွေအကုန်ခံစားရပြီး အချိန်ကွာခြားမှုတိကျစွာကြားရနေတဲ့စက်တခုရဲ့မြည်သံ....။လူတွေရဲ့ အသံတွေလည်းကြားနေရတယ်။မျက်လုံးတို့ကိုဖွင့်ရန်နောက်တကြိမ်ကြိုးစားကြည့်လိုက်တော့ ဖြူလွှနေတဲ့အလင်းတို့နောက် ပုံရိပ်အချို့သေချာလာသည်။

🔪The Spirit Of Devil🔪✳VMIN✳{completed}Where stories live. Discover now