Part 34{final}Zawgyi

544 30 5
                                    

.
.

.
.
သူ့တကိုယ်လုံးအေးစက်တောင့်တင်းသွားရင်း မျက်လုံးမမှိတ်လိုက်ခင်ကမြင်လိုက်ရတဲ့မြင်ကွင်းက ဦးနှောက်ထဲလတ်လတ်ဆတ်ဆတ်
ပေါ်လာသည်။ထိုမြင်ကွင်းကိုပြန်ကြည့်ရန်မျက်လုံးဖွင့်ဖို့ အတော်ကြောက်နေမိသည်။ဂွမ်မီနဲ့မီယောင်းတို့သေနေသည့်ပုံရိပ်တွေကလည်း ပြန်မြင်ယောင်မိလာသည်။သွေးညီနံ့တွေလှိုင်လှိုင်ထနေခြင်းက ဘာကြောင့်လဲဆိုတာသူသိခဲ့သည်။ရင်အစုံလှိုက်မောမိရင်း မျက်လုံးတို့ကိုဖြည်းဖြည်းချင်းဖွင့်လိုက်သည်။ယုံးဘင်နဲ့ကျန်သည့်သုံးယောက်ဟာ သူနဲ့အတူရှိနေခဲ့ကြတာပဲ။
သို့ပေမဲ့ အခြေအနေတွေဟာ မတူညီနေခဲ့ပါ....။

ယုံးဘင်နဲ့သူ့သူငယ်ချင်းနှစ်ယောက်ဟာ သတိမေ့လျက် ထိုင်ခုံတွင်ကြိုးများနဲ့အတုပ်ခံထားရသည်။တယောက်ကတော့ ကြမ်းပြင်ပေါ်တွင် သွေးအလူးလူးဖြင့် သွေးပျက်ဖွယ်မြင်ကွင်းက မြင်ရချိန်ကြာသွားတာတောင်စိတ်မငြိမ်နိုင်စေပါ။မျက်လုံးနှစ်ဖက်တွင်bladeဓားဖြင့် ထိုးစိုက်ခံထားရပြီးသွေးတွေက မျက်အိမ်ထဲမှစီးကျနေသည်။လက်ချောင်းများကလည်း အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်လျက် နေရာအနှံ့
မှာပြန့်ကျဲနေသည်။လူတယောက်.မရှုမလှသေဆုံးနေသည်ကို မီယောင်းကိုနောက်ဆုံးမြင်
ရခြင်းလို့ထင်ခဲ့တာ။

တိရစ်ဆာန်တွေကို သတ်တာပင် ငယ်စဉ်ကတည်းကရွံမုန်းမိတာမို့ လူတယောက်အသတ်ခံပြီးသေတာကိုမမြင်ချင်ဘူး။အထူးသဖြင့် သတ်တဲ့သူက.အချိန်နှောင်းမှအလုံးစုံနားလည်ပေးနိုင်ခဲ့သည့် ထယ်ယောင်းဖြစ်နေလို့။စိတ်ကူးနဲ့တင်မတွေးချင်သည့် ဒီလိုပုံစံတွေဖြစ်လာမှာကြောက်လို့ သူနောက်ပြန်လှည့်ဖို့စဉ်းစားခဲ့တာ။

"ထယ်.....ထယ်ယောင်း...."

"ငါ့ရဲ့လက်ဆောင်ကိုသဘောကျရဲ့လားမင်....မင်ကအနားယူနေတော့....ငါတယောက်တည်းပျင်းနေတော့.မင်အံ့သြအောင်လုပ်ပေးနေတာ...."

ပုံမှန်မဟုတ်တဲ့စကားတွေက ထယ်ယောင်းဟာ အမှား.အမှန်မသိတော့သည့်အရူးတယောက်လိုပဲ။သာမန်လူမလုပ်နိုင်သည့် လူသတ်တဲ့လုပ်ရပ်မျိုးကို ကြောက်မက်ဖွယ်ကောင်းအောင်လုပ်နိုင်ခဲ့လို့ ထယ်ယောင်းဟာ ဂုဏ်ယူနေသလိုမျိုး။သူတို့နှစ်ဦးကို ခွဲထုတ်ရဲသူရဲ့အဆုံးသတ်ဟာ ဒီလိုမျိုးဖြစ်သွားခဲ့တယ်ဆိုပြီး သိစေချင်သည့်သဘောဖြင့် သူ့ကိုကြည့်လာသည်။

🔪The Spirit Of Devil🔪✳VMIN✳{completed}Where stories live. Discover now