Part 22

503 98 18
                                    

Unicode
အဆင့်အတန်းမြင့်မြင့်တည်ဆောက်ထားတဲ့အိမ်ကြီးအတွင်းဖိနပ်သံတွေဆူညံသွားသည်။ထမင်းစားခန်းထဲတရဟောသောပါးဝင်လာတဲ့သူငယ်ချင်းသုံး​ယောက်ကြောင့်ယုံးဘင်တို့မိသားစု မနက်စာစားနေရင်းမှ ရပ်တန့်သွားကြသည်။အထိတ်ထိတ်အလန့်လန့်တွေဖြစ်လျက် ယုံးဘင်နာမည်ခေါ်လာတဲ့အခါ အထူးအဆန်းကြည့်မိသည်။

"ယုံးဘင်..မင်းငါတို့နဲ့လိုက်ခဲ့မှဖြစ်မယ်"

အိမ်ထဲထိဖိနပ်တွေတောင်မချွတ်နိုင်ပဲဝင်လာပြီး ယုံးဘင်မိဘတွေလည်းလေးစားသမှုမပြုနိုင်၍ အတော်အရေးကြီးနေမှန်းသိသာသည်။မီယောင်းကလည်း ယုံးဘင်ကို ကြောင်အအဖြင့်ကြည့်နေသည်။

"ဘာလဲ..မင်းတို့တွေဘာဖြစ်လာကြတာလဲ...."

"ယုံးဘင်...ဂွမ်မီသေသွားပြီ"

"ဘာ!"

အံ့သြမှုရောမယုံကြည်နိုင်တာရောပေါင်းသွားပြီး မတ်တပ်ထရပ်မိသည်ထိ။သုံးယောက်လုံးရဲ့မျက်နှာအနေအထားတွေက လိမ်ပြောနေတယ်လို့နည်းနည်းမှမထင်ရသောအခါ သူ့နည်းတူအံ့သြနေကြတဲ့မိသားစုကိုထားခဲ့ပြီး လိုက်သွားခဲ့သည်။မနေ့ကတင်ဂျီမင်နဲ့ပြသာနာဖြစ်ကြပြီးနောက်ပိုင်းသူနဲ့အတူရှိနေခဲ့သေးတယ်လေ။
ချက်ချင်းကြီးဘယ်လိုများဖြစ်တာလဲ။

ထိုသုံးယောက်ခေါ်သွားတဲ့နေရာရောက်တော့ လမ်းကြားလေးထဲမှာ ရဲကားတွေနဲ့လူနာတင်ကားအသံတွေက ဆူဆူညံညံရောထွေးလို့။အနီးနားကတချို့တလေတွေက လာကြည့်ပြီးပြောသွားပုံတွေက အသတ်ခံရတယ်လို့သာထင်ကြေးပေး​နေကြသည်။အသက်ကြီးတဲ့သူတွေကိုတော့ ဖြတ်တောင်မလျှောက်စေရန်သတိပေးနေကြသည်။တား​မြစ်ကြိုးအဝါရောင်တွေ ပိတ်တန်းလျက် ရဲတွေက စုအုံ​နေကြတဲ့လူတွေကိုပြန်လွှတ်နေကြသည်။အမှုစုံထောက်တချို့ကစစ်ဆေးမှုတွေပြုလုပ်နေကြလျက်။စည်းရဲ့အပြင်ဘက်ကနေ ကြည့်ရင်း အုတ်တံတိုင်းနဲ့ကပ်ပြီးလဲနေသူဟာ ဂွမ်မီလို့တောင်သူမယုံနိုင်သေးဘူး။သွေးအိုင်ကြားထဲပုံပျက်ပန်းပျက်သေနေတဲ့အလောင်း..အပိုင်းပိုင်းပြတ်နေတဲ့လက်ချောင်းတွေက မြင်မကောင်းရှုမကောင်း။စစ်ဆေးတဲ့သူတွေတောင် ထိုတစစီဖြစ်နေတဲ့အစိတ်အပိုင်းတွေကိုယူဖို့အတွက် တွန့်ဆုတ်နေသည်။

🔪The Spirit Of Devil🔪✳VMIN✳{completed}Where stories live. Discover now