Part 28

676 85 35
                                    

.
ပန်းနုရောင်နှုတ်ခမ်းဖူးတစုံက ချိုချိုသာသာစကားလုံးလေးတွေသီကုံးလာရင် လေပြေနုနုတွေကြောင့် မင့်ရဲ့ဘဝလေးအေးချမ်းနိုင်မှာဧကန်အမှန်။နားမထောင်ဝံ့စရာ မာကျောခက်ထန်စွာ စိမ်းကားမှုတွေအဆင့်ပိုလာရင်တော့လေပြေတွေကလည်းကြမ်းတမ်းတဲ့အသွင်ပြောင်းနိုင်တယ်ဆိုတာပြလိမ့်မယ်...။

လူတဦးတယောက်မှာတခုတည်းသာတည်ရှိသည့် အသည်းနှလုံးသားကို မင့်ကိုအပိုင်ပေးအပ်ထားလို့ အလွယ်လေးသဘောထားပြီးအဆိပ်ရည်တွေတော့မသုတ်လိမ်းလိုက်ပါနဲ့။

ကိုယ်ဟာ ပန်းလေးတပွင့်လို တယုတယနှင့်မြတ်နိုးချင်တာမို့ ကိုယ်ကိုယ်တိုင် ပွင့်ဖတ်လေးတွေကိုတော့တရိရိခြွေမပစ်ချင်ဘူး။ဆူးခက်တွေကြောင့် မင်ကဝင့်လွှားနေပေမဲ့ ဆူးဆိတ်မိတဲ့ဒဏ်လောက်တော့ကိုယ်ကစာမဖွဲ့တော့လို့ဆူးခက်တွေကိုပဲယုံစားမနေပါနဲ့။

ကိုယ်အလိုအပ်ဆုံးအရာက ဒီကမ္ဘာပေါ်မှာ မင့်တယောက်တည်းသာဖြည့်စွမ်းပေးနိုင်တာ။မင်ပေးတဲ့ ရက်စက်ခြင်းတွေကအစ တန်ဖိုးထားရတာမို့ စနောက် ကျီစယ်လို့ဝရင်တော့ ကိုယ့်ရင်ခွင်ထဲမှာပဲ အသာတကြည်မှေးစက်ပေးပါ။

"ကင်ထယ်ယောင်း!!အရူးကောင်!စိတ္တဇကောင်!ငါ့ကိုတံခါးဖွင့်ပေး!ငါမင်းဆီမှာမနေဘူး....မင်းလူလိုနားမလည်ဘူးလား...တံခါးလာဖွင့်ပေးဆို!!"

တဒုန်းဒုန်းနဲ့ အားအပြည့်ထုရိုက်သံတွေကမရပ်နားသွားပဲ နားထဲမချိမဆန့်ဝင်လာသည်။ချစ်တဲ့သူဆီက ခါးခါးသီးသီးစကားလုံးတွေပြောဆိုခံရသည်ထက် လက်ဖဝါးလေးတွေက ကြားထဲမှနာကျင်နေရသည်ကို မလိုချင်တာကြောင့် သူတားလေလေ နတ်သားလေးက အရွဲ့တိုက်ပြီး ထုရိုက်သံတွေ ပိုကျယ်လောင်စွာထွက်လာအောင်လုပ်လေပဲ။သူ့အသံကြားရင် နတ်သားလေးစိတ်မချမ်း​မြေ့ဖြစ်ရလို့ အသံတိတ်နေရပေမဲ့ သစ်သားတံခါးအစား နတ်သားလေးရဲ့ဒေါသဖြေရာအဖြစ် သူ့ရင်ဘတ်သာကြီးသာဝင်ခံလိုက်ချင်သည်။နတ်သားလေးက ကိုယ်အသားကို နာကျင်အောင်လုပ်ရင် သူက မနေနိုင်လို့ တံခါးဖွင့်ပေးချင်လာမယ်ဆိုတာ နတ်သားလေးက သိလေသည်။လက်ကဖွင့်ပေးဖို့ ရွယ်နေမိပြီး ပြန်စဥ်းစားကြည့်တော့ နတ်သားလေးကအိမ်ပြန်ပို့ရန်သာ တောင်းဆိုဦးမှာမို့ မဖွင့်ပေးတာက အကောင်းဆုံးဖြစ်လိမ့်မည်။

🔪The Spirit Of Devil🔪✳VMIN✳{completed}Where stories live. Discover now