"ထယ်...ငါ့လက်ကိုသေချာတွဲထားနော်...ဖြေးဖြေးလျှောက်"ဒီနေ့ထယ်ယောင်းဆေးရုံဆင်းတဲ့နေ့။ဆရာဝန်ကပါ ပြင်ပဒဏ်ရာတွေရော.အရိုးကိုထိသွားတဲ့ဒဏ်ချက်တွေပါသက်သာပျောက်ကင်း၍ ဆေးရုံးကဆင်းခွင့်ပေးသည်ဆိုသော်လည်း သူကတော့စိတ်ပူနေရတုန်း။ပုံမှန်လိုလမ်းပြန်လျှောက်နိုင်နေတာသိသော်လည်း ကလေးတယောက်လို အစစအရာရာစောင့်ရှောက်ပေးချင်မိသည်။သူ့သဘောအတိုင်း ထယ်ယောင်းဟာ လက်တဖက်ကိုတွဲကာ ဆေးရုံအပြင်ထိလျှောက်ပေးသည်။ထော့နဲ့နေတာမျိူးတွေမရှိသော်လည်း..ထယ်ယောင်းခြေထောက်ကိုသာသတိထားကြည့်နေမိသည်။
အပြင်ရောက်တော့Taxiတစီး.စီးကာထွက်လာခဲ့ကြသည်။
"ထယ်...အခုဘယ်ပြန်ကြမှာလဲ.."
သူမေးလိုက်တဲ့အခါ ထယ်ယောင်းဟာ အပြင်ကိုငေးကြည့်ရာမှ နားမလည်စွာလှည့်လာသည်။
"ငါ့တိုက်ခန်းကိုမဟုတ်ဘူးလား.."
"ငါအဲ့ဒီမှာမင်းကိုမနေစေချင်တော့ဘူး....မင်းတယောက်တည်းအဲ့မှာနေတာမလုံခြုံဘူးထယ်...တခြားမှာနေစေချင်ပေမဲ့လည်း...."
ဆေးရုံမှာတက်ခဲ့တဲ့စရိတ်တွေအား သူ့ပိုက်ဆံထဲကပဲပေးခဲ့လို့ တခြားမှာနေဖို့မစီစဥ်ပေးနိုင်တာလို့ဆက်ပြောမထွက်ခဲ့ပါ။ကျောင်းစတက်တဲ့အရွယ်ထဲကommaကစည်းကမ်းတင်းကျပ်သလောက် ပိုက်ဆံကိုလည်းအများကြီးပေးမသုံးဘူး။အကူအညီတောင်းစရာ လူတွေလည်းမရှိသောအခါ ထယ်ယောင်းကိုယုံးဘင်တို့နဲ့ကင်းအောင် ဘယ်လိုလုပ်ရမလဲမသိတော့ပေ။
သူစကားဆက်မပြောတော့တာကြောင့် ထယ်ယောင်းဟာသူ့မျက်နှာအနေအထားကိုသေချာလေးကြည့်နေသည်။
"ရပါတယ်မင်ရဲ့...ငါအခုတိုက်ခန်းမှာပဲနေပါ့မယ်...မင်းလည်းငါ့ကြောင့်ကျောင်းလည်းမသွားနိုင်တော့ပဲဒုက္ခများနေပြီမလား...."
သူမျက်နှာမကောင်းတာနှင့် ထယ်ယောင်းဟာလည်းညိုးငယ်နေတဲ့မျက်ဝန်းတွေအဖြစ်ပြောင်းသွားတတ်တာမို့ ပေါင်ပေါ်တင်ထားတဲ့လက်တဖက်ကိုဆုပ်ကိုင်ကာပြုံးပြလိုက်သည်။မသိစေချင်လို့ ဖုံးဖိပြီးနေခဲ့တာတောင်မှ မိခင်ရဲ့သံသယမျက်လုံးတွေကြား အဆင်မပြေတွေရှိနေတယ်ဆိုတာထယ်ယောင်းကသိသည်။ဘယ်လောက် အဆင်ပြေကြောင်းပြုံးပြပြ အခက်အခဲတချို့ရှိတာကအမှန်ပဲဖြစ်နေလေတော့ ထယ်ယောင်းကအချိန်တိုင်း ကိုယ့်ကိုကိုယ်အပြစ်တင်နေမှာ။
YOU ARE READING
🔪The Spirit Of Devil🔪✳VMIN✳{completed}
Randomရုန်းထွက်ဖို့ခက်တဲ့ပင့်ကူအိမ်ထဲစူးစမ်းချင်စိတ်နဲ့မင်းကိုယ်တိုင်ငြိတွယ်ခဲ့တာ မင်~~ အေးဆေးရှင်သန်ချင်တဲ့ကိုယ့်နှလုံးသားထဲ တန်းမတ်စွာငြိတွယ်ခဲ့တဲ့မင့်ကို ကိုယ်တသက်လုံးဖမ်းချုပ်ထားချင်တာ~~ ရုန်းထွက်ဖို့ခက်တဲ့ပင့်ကူအိမ်ထဲစူးစမ်းချင်စိတ်နဲ့မင်းကိုယ်တိုင်ြ...