Part 30

829 88 37
                                    

Unicode
သစ်ပင်ကြီးတွေ.ခြုံတောတွေ ဝန်းကာရံထားတဲ့ သစ်သားနှစ်ထပ်ကြီးမှာ ညအမှောင်ပိုတိုးလာသည့်နှင့်အမျှ ခြောက်ချားဖွယ်အငွေ့အသက်တွေအပြည့်။အိမ်ကြီး၏အခန်းငယ်လေးတခုထဲမှာ လှုပ်တိလှုပ်တဲ့ မီးလုံးလေးတခုရယ်..ကုတင်ပေါ်မှာလဲလျောင်းနေဆဲ လူသားငယ်တဦးရယ်နှင့် ရင်နင့်ဖွယ်ရာ..။ကုတင်နားကိုမကပ်ရဲသေးသော လူသားတဦးကတော့ နံရံမှာ ကျုံ့ကျုံ့လေးကွေးထိုင်နေရင်း.မျက်လုံးတွေဟာ တောင်စဥ်မြောက်ရောက်။မိမိဆံပင်တွေကို ကုတ်ဆွဲလျက် ရင်ဘတ်ထဲကစို့တက်လာတဲ့ခံစားမှုကြီးက ကြီးပြင်းလာတဲ့အခါ မျက်ရည်တွေကဆက်တိုက်ကျနေဆဲ။ကုတင်ထက်က ဒဏ်ရာတွေဗရပွနဲ့လူသားလေးကို ကြည့်ရင်း လင်းထိန်နေခဲ့သောပတ်ဝန်းကျင်မှ အနက်ရောင်အတိပြောင်သွားလည်းပဲ သူ့ရဲ့ခေါ်သံတွေကိုတုန့်ပြန်မလာသေးတဲ့အခါ အကြောက်တရားတွေက သူ့စိတ်ကို တဖြည်းဖြည်းဝါးမြိုလာပြီ။

အဝတ်အစားတွေအားငြင်သာစွာ ဝတ်ဆင်ပေးပေမဲ့ ဘောင်းဘီ၏ တနေရာမှာအနီရောင်ရဲရဲတွေက ပေထင်လာပြန်တယ်။ရင်ခွင်ထဲထည့်ပြီးအနမ်းတွေနဲ့ နှိုးနေပေမဲ့လည်း နတ်သားငယ်ဟာ သူ့ကိုဒီထက်ပိုပြီးခံစားစေချင်သေးတယ်ထင်၏။ခန္ဓာကိုယ်က ထွက်ပြေးရန်မလွတ်နိုင်တော့လို့ လွတ်မြောက်နိုင်မဲ့နည်းတခုကို နတ်သားလေးကအစွမ်းကုန်ရှာဖွေနေလေသလား...။အမှားတိုင်းဟာလျော့နည်းနည်း.ပျင်းထန်ထန် နောင်တဆိုတာရှိတယ်...။စာနာမှူမဲ့တဲ့အမှားတွေ နတ်သားလေးကိုပိုင်ဆိုင်ဖို့ကြိုးစားရင်း အများကြီးလုပ်ခဲ့တယ်...။ဒါပေမဲ့ အခုချိန်မှာ နတ်သားငယ်ဆီကအချစ်တွေတကျော့ပြန်မရသေးတာမို့
နောင်တတွေမရချင်သေးဘူး....။

အချစ်အကြောင်းစာဖွဲ့ကြသူတွေကတော့ ကောင်းကျိုးတွေသာလျှင်။သူ့ရဲ့အချစ်က သနားဂရုဏာတွေ. နွေးထွေးမှုတွေနဲ့ စတည်ခဲ့တာဆိုပေမဲ့ အတ္တဆန်လာအောင် လုပ်ဆောင်တဲ့သူကလည်း နတ်သားလေးကိုယ်တိုင်ပဲမလား...။အတ္တဆန်မှုတွေ မိုက်ရူးရဲဆန်မှုတွေရဲ့လမ်းစက ကိုယ့်ကိုမွေးသော မိဘအရင်းတွေပင် မပေးဖူးတဲ့မေတ္တာတွေနဲ့ သူ့နှလုံးသားကိုလှုပ်နိုးခဲ့တဲ့ နတ်သားငယ်ကိုပိုင်ဆိုင်လိုစိတ်တွေကြောင့်..။တန်ဖိုးမဲ့နေစဥ်က သူ့ဘဝကို အေးဆေးဖြတ်သန်းနိုင်ခဲ့​သေးသည်။သံယောဇဥ်တွေပါဝင်လာတော့.
ပူလောင်ခြင်းတွေသာကြုံတွေ့ရတယ်...။

🔪The Spirit Of Devil🔪✳VMIN✳{completed}Where stories live. Discover now