Part 29⚠⚠🚫🚫

2.1K 103 45
                                    

Unicode
.
နုနုအိအိနှုတ်ခမ်းလေးတွေကသိပ်လှသော်လည်း
နှုတ်ကပြောလာသမျှစကားတွေတိုင်းကတော့ နည်းနည်းလေးမှမလှပ။အဲ့ဒီနှုတ်ခမ်းတွေဟာ သွေးပေမခံပဲ ဖြူစင်စွာထားခဲ့တဲ့သူ့ချစ်ခြင်းတွေကို အပြစ်တွေကျူးလွန်ပေါင်းများပြီမို့ လည်ပင်းထက်ကို လက်ချောင်းများဖြန့်ထားရင်း နားမခံသာတဲ့စကားတွေထပ်မပြောခင် နမ်းစုပ်လိုက်သည်။ခေါင်းကိုဘယ်ညာယမ်းရုန်းပြီး ရင်ဘတ်ကိုတွန်းထုတ်နေတဲ့လက်တွေအား လက်ကောက်ဝတ်နှစ်ဖက်ကနေဆုပ်ပြီး ခေါင်းပေါ်မြှောက်တင်ကာနံရံမှာဖိထားလိုက်သည်။

"အွန်းး...အွန်းးးး....."

ဒီနှုတ်ခမ်းဖူးတွေရဲ့အရသာကို တမ်းတနေခဲ့ရတဲ့အခါ အနမ်းတွေက မငြင်သာခဲ့ဘူးပေါ့။နှုတ်ခမ်းသားတွေအား သွားနဲ့ကိုက်ပြီး အသားစတွေပြတ်ပါလာမတတ် ကိုက်ဆွဲနေမိသည်။

နှုတ်က တားဆီးလို့မရနိုင်ပေမဲ့လည်း ခန္ဓာကိုယ်ရှိအားအင်တွေနဲ့တော့ မလုပ်ရန်တားမြစ်နေလေရဲ့။အနက်ရောင်မကောင်းဆိုးဝါးရဲ့ကူညီမှုတွေကြောင့် အားသန်သန်ဖြင့် နှုတ်ခမ်းသားတွေအားတရိပ်ရိပ်တိုက်စားနေမိတယ်။ပန်းနုရောင်အသားနုနုလေးအား ကိုက်စုပ်ချက်တွေများလာတော့ ပေါက်ကာ သွေးစလေးတွေစို့လာပြီ။မြိုန်ရှက်စွာ စားသုံးလိုက်ရင်း သွေးစလေးတွေပိုထွက်လာအောင် ပျင်းပျင်းစုပ်မိတယ်။မင့်နှုတ်ခမ်းဆီက သွေးစလေးတွေကချိုလိုက်တာ...။

အနမ်းဟုအမည်မတပ်လိုပဲ သွေးစုပ်သည်ဟုပြောရင် ပိုမှန်လောက်မည့်အချိန်ဟာကြာမှန်းကြာသွားတဲ့အခါ လည်တိုင်ကျော့ကျော့ဆီဆင်းသက်မိတယ်။

အချိန်တခုကြာအောင် ကိုက်ဖြတ်ထားတဲ့အခါ ထယ်ယောင်းခံတွင်းထဲကလွတ်သွားတဲ့အချိန် ဂျီမင့်နှုတ်ခမ်းတွေက အသားဖတ်များလန်ကာ တုန်ရီနေပြီ။အပေါ်ယံအသားဖတ်ဖြူဖြူလေးတွေကွာလန်နေတဲ့အခါ သွေးစလေးတွေကစီးကျလို့။

အဲ့ဒီအပြင်လည်ပင်းထက်က စစ်ခနဲ
ဖြစ်ဖြစ်သွားတာကလည်း အပ်နဲ့အဆက်မပြတ်ပေါက်နေသလိုခံစားရသည်။နှုတ်ခမ်းနှစ်လွှာက ထိမရအောင်ပင် စပ်တက်နေတဲ့အခါ နာကျင်သံပင်
ထွက်ရန်မစွမ်းသာ။ထယ်ယောင်းဆီက အခုလိုဆက်ဆံခံရတာ မနှစ်မြို့၍ အားကုန်သုံးပြီး ချုပ်နှောင်ခံထားရတဲ့လက်တွေကိုဦးဆုံးလွတ်အောင်ရုန်းမိသည်။သက်သာစပြုနေတဲ့ လက်ဖဝါးကဒဏ်ရာကတော့ အသည်းခိုက်အောင်နာသည်။

🔪The Spirit Of Devil🔪✳VMIN✳{completed}Where stories live. Discover now