Part 15

573 82 27
                                    

Unicode.

ဂျီမင်တယောက် အရင်နေ့များလိုပဲ မီးဖိုချောင်လေးထဲသီချင်းတညီးညီးနဲ့ထမင်းဘူးအတွက်ပြင်ဆင်နေသည်။မနက်တိုင်း ကျောင်းချိန်အမှီ စောစောထကာ ကိုယ်တိုင်ချက်ပြုတ်နေရပေမဲ့ ချစ်ရသူအတွက် ပင်ပန်းတယ်လို့မထင်မိပါ။ထယ်ယောင်းက ပလုတ်ပလောင်းစားတာမြင်တော့ လောဘကြီးပြီး အများကြီးပိုချက်မိသည်။
မနက်အိပ်ယာနိုးလို့မျက်လုံးနှစ်လုံးပွင့်တာနဲ့ သူ့မှာထယ်ယောင်းဆီသွားချင်တဲ့စိတ်ပဲလောနေသည်။

ထိုအချိန်တွင် ဂျီမင့်အမေက ထမင်းစားခန်းထဲဝင်လာသည်။အခုတလော ဂျီမင်က သူမစကားကိုနာခံတတ်တဲ့ကလေးတယောက်လိုမဟုတ်တော့ သိပ်အမြင်မကြည်မိပါ။မိုးလင်းတာနဲ့ကျောင်းသွား ညနေပြန်လာတော့လည်းအခန်းထဲတန်းဝင်တော့ သားအမိနှစ်ယောက်မျက်နှာချင်းဆိုင်ချိန်ဟာမရှိတော့ပဲ စကားလည်းမ​ပြောဖြစ်ကြတော့ပေ။မီယောင်းတို့အိမ်ကပြန်လာပြီး ပထမဦးဆုံးစကားများဖူးသည့်နောက်နေ့ကစတာဖြစ်လိမ့်မည်။ဂျီမင်ကတော့ ကိုယ့်အမေမလို့ ပုံမှန်အတိုင်းပဲနေထိုင်ပြောဆိုသည်။သို့ပေမဲ့ဂျီမင့်အမေမှာတော့ သူမသဘောကျတဲ့မီယောင်းကို ငြင်းပယ်ထားတဲ့သားဖြစ်သူအား စိတ်ဆိုးနေသည်။

"ဘယ်သူ့အတွက်နေ့တိုင်းထည့်သွားပေးနေတာလဲ...တခါမှကော်ဖီတောင်ကိုယ်တိုင်ဖျော်မသောက်ဖူးတဲ့သူက..."

နေ့တိုင်းသူလုပ်နေတာကို ဘာမှဝင်မပြောတဲ့ommaကထူးထူးဆန်းဆန်း အခုမှ သံသယရှိသလိုမေးနေတာဟာ သူ့ကိုစိတ်ဆိုးနေလို့ပဲဖြစ်မည်။သူလည်းအိမ်မှာသာနေပေမဲ့ ယုံးဘင်ပြောလိုက်လို့ ထယ်ယောင်းနဲ့အကြောင်းommaဘယ်အချိန်များသိသွားမလဲလို့ ရင်တထိတ်ထိတ်နဲ့နေရသည်။

"သားစားဖို့ပါ...busဂိတ်ကိုလမ်းလျှောက်သွားရဦးမှာဆိုတော့မမှီမှာစိုးလို့ သွားတော့မယ်နော်omma"

"ဒီနေ့ကစပြီးအရင်လိုယုံးဘင်နဲ့ပဲသွား..ခဏနေရောက်လာလိမ့်မယ်"

ထမင်းစားခန်းထဲကအထွက် ommaစကားကြောင့် ဂျီမင် ကြည်လင်နေသောစိတ်တွေရှုပ်သွားသည်။ယုံးဘင်နဲ့အတူမီယောင်းလည်းပါချင်ပါလာမှာ။
ဒါသူ့အကြောင်းကိုသိနေလို့တမင်ဖုံးကွယ်ထားပြီး မီယောင်းနဲ့နီးစပ်အောင်လုပ်နေတာလား။

🔪The Spirit Of Devil🔪✳VMIN✳{completed}Where stories live. Discover now