part1🤒

3.1K 85 2
                                    

"ဝမ်လေး ကိုကိုတို့လမ်းခွဲရအောင်"

"ဘာ ကိုကိုဘာပြောလိုက်တာ ပြန်ပြော"

"...."

"ကိုကို ခင်ဗျားမနောက်ပါနဲ့ဗျာ"

"တကယ်ပြောနေတာရိပေါ် ငါမင်းကိုမချစ်တော့ဘူးထင်တယ်"

"ခင်ဗျားပြောတော့ကျုပ်ကိုပဲချစ်မှာဆို ကျုပ်အနားတသက်လုံးရှိမှာဆို ကိုကိုပြောပါ ကိုကိုမကြိုက်တာအားလုံးကျွန်တော်ပြင်မယ် လမ်းခွဲစကားတော့မပြောပါနဲ့ဗျာ ကျုပ်ရူးရလိမ့်မယ်ဗျ"

"မချစ်ဘူးဆိုမှတော့အကြောင်းပြချက်မရှိဘူး ရိပေါ် ဒါ့ကြောင့်ငါတို့လမ်းခွဲရအောင်ပါ"

"ခင်ဗျားဗျာ ..😰😰"

ဝမ်ရိပေါ် ထိုနေရာမှာပဲ ဒူးထောက်ချမိလိုက်တယ် ပါးပြင်ပေါ်မှာလည်း မျက်ရည်စီးချောင်းတွေ ကျဆင်းလာခဲ့ရတယ် "ကိုကို တအားရက်စက်တယ်ဗျာ..."

တစ်လလုံးလုံး အဆက်သွယ်ဖြတ်ပီး ပျောက်နေခဲ့တဲ့သူက ခုပြန်တွေ့‌ေတာ့လဲ ကြားလိုက်ရတာ လမ်းခွဲစကားတဲ့လား။

သူတကယ်မခံစားနိုင်ဘူး အဆက်သွယ်ပြတ်နေတဲ့တစ်လျှောက်လုံးလဲ သူ့မှာဆောက်တည်ရာမရ ဖြစ်နေခဲ့ရတာ

"ကျွန်တော့်ကိုအသေသာ သတ်သွားလိုက်ပါတော့လား ကိုကိုရာ"  (ပိစိလေးခါးမယ်နော်🙆‍♀️)

အချိန်ဘယ်လောက်ကြာလဲမသိဘူး သူဒီတိုင်းပဲ ဒီနေရာမှာ နေနေမိတယ်။ အိတ်ကပ်ထဲက ဖုန်းသံကြားမှသတိဝင်လာခဲ့တယ်။

"ဟဲလို ဝမ်လေးလား" ပါး ပါ။

"သားဘယ်တွေရောက်နေတာလဲ ဟဲလို သားကြားလား မိုးချုပ်နေ‌ေနပြီသားရေ ပြန်မလာသေးဘူးလား"

သူပြန်မဖြေမိဘူး။

"ဝမ်လေး ဝမ်လေး ပါးပြောတာကြားလား"

"ဟုတ်ကဲ့ ပါးကြားပါတယ် သားပြန်လာနေပြီ ပါး လမ်းမှာကားပိတ်နေလို့" သူလိမ်မိခဲ့ပါတယ်။

"အ့ဆိုလဲပြီးရောသား ဘယ်မှမဝင်နဲ့‌နော် ပြောစရာရှိလို့ ပါးစောင့်နေမယ်နော်"

"ဟုတ် ပါး"

ဖုန်းချပြီး ယိုင်နဲ့နဲ့ခြေထောက်ကို အားယူပြီး ထလိုက်ရတယ် ။

စိတ်ထဲတွင်လည်း *ဟုတယ် သူ့မှာပါးရှိသေးတယ်*
အနည်းဆုံးတော့ သူ့ကိုချစ်တဲ့ ပါးတစ်ယောက်လုံးရှိသေးတယ်လေ။ ဒါပေမယ့်လဲ သူဘယ်လိုနေရမလဲ။

ကိုကို့ကို သူ့ဘဝလို့ သတ်မှတ်ခဲ့တာလေ ။

*ရက်စက်ပါကိုကို..
စိတ်ချ ခင်ဗျားကျုပ်ကိုထားရစ်ခဲ့တဲ့အတွက် နောင်တရစေရမယ်*

ရိပေါ်ရဲ့ဘဝမှာ အရေးပါဆုံး သူနှစ်ယောက်ရှိတယ်။

ပထမကတော့ ဝမ်ပါး။  ရိပေါ်မှာ မားမရှိတော့ဘူး သူ၃နှစ်သား အရွယ်ကတည်းက မားကဆုံးသွားခဲ့တာ။ အ့အချိန်တည်းကပဲ ပါးကခုချိန်ထိသူ့ကိုကျွေးမွေးစောင့်ရှောက်ခဲ့တာ ။

သူ့ဘဝရဲ့ အလင်းတန်းဖြစ်ခဲ့တာ သူ့ဘဝကို လို‌ေလသေးမရှိ နေနိုင်အောင် ပါးကဖြည့်ဆည်းပေးခဲ့တယ်။

နွေးထွေးမှုတွေလဲ ပေးတယ်။ ဒါကြောင့်လဲ ပါးကိုသူသိပ်ချစ်တယ်။ လေးလဲလေးစားတယ်။ ပါးအတွက်သားအလိမ္မာလေး ဖြစ်အောင်လဲ ကြိုးစားနေခဲ့တယ်။

သူ့ဘဝမှာ ပါးကသာ အရေးကြီးဆုံးလို့ ယူဆခဲ့တယ်။ ဒါပေမယ့် အ့ယူဆချက်က လွဲလာခဲ့တယ်။

အဲ့တာကတော့ သူ့အသက်၁၈နှစ်အရွယ် တက္ကသိုလ်ပထမနှစ်မှာပဲသူသိခဲ့ရတယ်။

သူ့အတွက် အရေးပါဆုံး သူတစ်ယောက်တိုးလာခဲ့‌ေလိ‌‌‌ေု့လေ။ ထိုသူကတော့ သူတို့အတန်းရဲ့ယာယီကျူတာ ဆရာလေးကိုကိုရှောင်းကျန့်တဲ့။

ကိုကိုက သိပ်ချစ်ဖို့ကောင်းတယ် ဒါ့ကြောင့်ပဲ သူမြင်မြင်ချင်း စွဲလမ်းမိတဲ့အထိ ဖြစ်ခဲ့ရတယ်။သူသိပ်ကိုကံကောင်းတယ်။

သူ့ရဲ့အချစ်က ပျော်ရွှင်မှုအတိပါပဲ။ ဘာလို့ဆို ကိုကိုကလဲ သူ့ရဲ့အချစ်ကိုလက်ခံခဲ့လို့ပါ။

သူအရမ်းကျေနပ်ခဲ့တယ်။ သူ့ဘဝကြီးကို ငယ်စဥ်ကတည်းက မိခင်မရှိပဲ ကြီးပြင်းလာခဲ့ရပေမယ့် ပါးက သူ့ဘဝအတွက် အစစအရာရာ ဖြည့်ဆည်းပေးတယ်။ နွေးထွေးမှုပေးတယ်။

ကဲခုကြည့် အရွယ်ရောက်လို့ ချစ်ရမယ့်သူတွေ့လာတော့လဲ သူ့အချစ်က အသိမှတ်ပြုခံရပြန်တယ်။ သူ့အတွက်ဘဝကြီးကကျေနပ်စရာပါပဲ။

ဒါပေမယ့် ဘယ်သူသိမလဲ။ သူ့ဘဝမှာ ခက်ခဲတဲ့အရာတွေကြုံတွေ့လာရပြီလားဆိုတာ....

-–---🌼------

(အဟီ တန်းလန်းထားခဲ့မယ်😜
ကိုယ်ကdarma typeဖြစ်တဲ့အတွက်ပိစိလေးခါးရင်စိတ်အချိုးနဲ့နော်😚
ဒါဒါလေးတွေကိုချစ်တယ် အားပေးကြပါအုံး မကောင်းမကန်းလေးကို🥺
ပထမဆုံးမို့အကြံပြုပေးကြပါအုံးနော်သဲငယ်လေးတို့🙆‍♀️😍)

တွဲလက်တွေမြဲပါရစေ(completed)Where stories live. Discover now