part8🤒

789 45 4
                                    

မနက်မိုးလင်းသော်...

ထမင်းစားခန်းထဲ နံနက်စာစားရန်ပြင်နေစဥ် ဝမ်ပါးမှ ရှောင်းကျန့်အား မတွေ့ရသဖြင့်ဦးရှင်းအား

" ဦးရှင်း ရှောင်းကျန့်တစ်ယောက်ရော မတွေ့မိပါလား "

" ဟုတ်ပါရဲ့
အရင်ကဆိုအစောကြီးထနေကျပါ
ဒီမနက်တော့မတွေ့မိသေးဘူး "

ပြီးမှသတိရဟန်ဖြင့်

" ညကဝမ်လေးလဲ ပြန်မလာဘူးလားမသိဘူး သခင်ကြီး "

" ဟုတ်လား
အ့ဆိုတချက်လောက် အပေါ်တက် ကြည့်လိုက်ပါအုံး အဆာပြေစားဖို့ပါ တခါတည်းခေါ်လာခဲ့ပါ "

ဦးရှင်းအပေါ်တက်၍ ရိပေါ်တို့အခန်းရှေ့ရောက်တော့အခန်းတံခါးခေါက်ကြည့်ရာ အထဲကအသံပြန်မလာသဖြင့် အောက်ထပ်သို့ဆင်း၍ ဝမ်ပါးတို့အားခေါ်ပြီးသော့ဖွင့်၍ အခန်းထဲဝင်လာခဲ့သည်။

အခန်းထဲတွင်လည်း ရှောင်းကျန့်အားမတွေ့ရ။
‌ေရချိုးခန်းထဲက ရေကျသံများကြားနေရသောကြောင့် ရေချိုးနေသည်အထင်နှင့်ပြန်ထွက်မည်အလုပ် ရေကျသံကလွဲ၍ ဘာမှမကြားရသောကြောင့်တစ်ခုခုလွဲနေပြီအထင်နှင့် အခန်းတံခါးအားဖွင့်ကြည့်လိုက်သော်အခါ ဝမ်ပါးရော ဦးရှင်းရောပါထိတ်လန့်လျက်....

ရေချိုးခန်းထဲတွင် ရေဇလားထဲသတိလစ်မေ့မျောနေသော ရှောင်းကျန့်နှင့်အတူ ရေပန်းကလဲပွင့်နေလျက်၊ရှောင်းကျန့်ကြည့်တော့လဲ တစ်ကိုယ်လုံးဖြူစုတ်လျက် သွေးမရှိသည့်တိုင် ၊

ဦးရှင်းရောဝမ်ပါးပါ နှစ်ယောက်လုံးဘာလုပ်ရမှန်းမသိ၊ လှုပ်နှိုးကြည့်တော့လဲ လှုပ်မလာသဖြင့် ဦးရှင်းမှရှောင်းကျန့်အားပွေ့ချီပြီး အမြန်အောက်ထပ်သို့ဆင်း၍ ဝမ်ပါးနှင့်အတူဝမ်ပါးပိုင်ဆေးရုံသို့....

ရိပေါ် အိပ်ရာကနိုးတော့ အခန်းအားကြည့်လေရာမှညကအိမ်မပြန်ပဲbarမှာ အိပ်သည်ကိုသတိရသဖြင့်ကိုယ့်ကိုသေချာ သပ်သပ်ရပ်ရပ်ပြန်ပြင်ဆင်၍အိမ်သို့သာပြန်လာခဲ့သည်။

အိမ်ရောက်တော့ အပေါ်ထပ်တက်မည်အလုပ် အရင်ကဒီချိန်ဆိုဝမ်ပါးတစ်ယောက် အလုပ်သွားချိန်ဖြစ်၍ ဧည့်ခန်းဝယ်ထိုင်နေတက်ပြီး ၊ ဦးရှင်းအားမှာကြားစရာများမှာကြားနေတက်သည်။

တွဲလက်တွေမြဲပါရစေ(completed)Where stories live. Discover now