part4🤒

972 53 9
                                    

ဝမ်လုဟန်တစ်ယောက် ညတောင်ကောင်းကောင်းမအိပ်နိုင်ပဲ အမြန်သာပြန်လာခဲ့သည်။
ဒါက သူရှောင်းကိုမယုံကြည်၍မဟုတ်ပါ။ မမြင်ရသော ကံကြမ္မာကိုမယုံကြည်၍သာ။

အိမ်သို့ရောက်သော် ရှောင်းအား အရင်ရှာမိ၏။
သူ့အခန်းတွင်လည်း မတွေ့ရသဖြင့် မီးဖိုခန်း၊ဧည့်ခန်းများတွင် ရှာကြည့်ရာတွင်လည်း မတွေ့သောကြောင့်ဦးရှင်းအား မေးကြည့်ရာတွင် ဒီမနက်တော့ မတွေ့ရသေးကြောင်း၊
ညကသူ့အစား ဝမ်လေးအား စောင့်ပေးနေခဲ့ကြောင်းသိရသည်။

ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ ပေါ်ပေါ်က်ခဲ့ရသည်။ စိုးရိမ်မှုကိုအသာထား၍ အပေါ်ထပ် ရိပေါ်အခန်းဆီသို့သာ ဦးတည်လာခဲ့သည်။

  * ဒုတိယအကြိမ် မနာကျင်ပါရစေနဲ့ *

အခန်းရှေ့ရောက်သော် တံခါးလော့ချထားသည်အထင်နှင့် ခေါက်ကြည့်ရာ အထဲက အသံမကြားရသဖြင့် တွန်းဖွင့်ကြည့်လိုက်သည်။

သူ့မျက်လုံးသူမယုံနိုင်ဘူး။
သူကျရှုံးရပြန်ပြီလား။
သူ့ရဲ့ ဆုတောင်းမှုကိုရော ဘယ်သူ့မှမဖြည့်ဆည်းပေးနိုင်ကြဘူးလား။
ဝမ်လေးနဲ့ရှောင်းရဲ့ အခြေနေက နှစ်ဦးသားဝတ်လပ်စလစ်နှင့်။

* ဒါကဘာတွေဖြစ်ခဲ့ကြတာလဲ *

သူ့ရဲ့နှလုံးသားလေးကတော့ ကြွေကျလို့မြေခခဲ့ရပြန်ပြီ။
နှစ်ယောက်ရဲ့ဆက်ဆံရေးကို သိပေမယ့်ဒီအခြေနေကြီးထိတော့ သူတခါမှမစဥ်းစားခဲ့ဖူးပေ။

" ဒါကဘာတွေဖြစ်နေကြတာလဲ "

သူအော်ပြောမှသာ နှစ်ယောက်သား လန့်နိုးလာကြသည်။
ထိုနှစ်ယောက်တွင် တစ်ယောက်ကတော့ စိုးရိမ်ပူပန်မှုများကမျက်နှာမှာအထင်းသား။ နောက်တစ်ယောက်ကတော့ အနိုင်ရသူတစ်ယောက်သဖွယ်အပြုံးမမည်သောအပြုံးကိုချိတ်ဆွဲလျက်...

" မင်းတို့နှစ်ယောက်လုံးစာကြည့်ခန်းထဲလာခဲ့ကြ "

ပြောပြီး အောက်သို့ပြန်ဆင်းလာခဲ့သည်။

သူ့ရှေ့ကမြင်ကွင်းကို သူမကြည့်နိုင်ဘူး။

အခန်းထဲတွင်
" ဝမ်လေး ကိုကိုတို့ဘယ်လိုလုပ်ကြမလဲ
ကိုကို..ဟင့် ကိုကိုလေ..အင့် "

တွဲလက်တွေမြဲပါရစေ(completed)Where stories live. Discover now