part7🤒

810 41 2
                                    

ရှောင်းကျန့်တစ်ယောက်လည်း ပြိုလဲနေသောနှလုံးသားကို ယိုင်လုလုခန္ဓာကိုယ်က ထိန်းချုပ်၍သာအိမ်သိုပြန်လာခဲ့ရသည်။

အခန်းထဲရောက်တော့မှ ထိန်းချုပ်ထားသောစိတ်အား ဖွင့်ချ၍အိပ်ရာပေါ်ပစ်လဲချလိုက်သည်။ စိတ်ကိုတည်ငြိမ်အောင်ကြိုးစားရင်း ရေချိုးခန်းဆီသို့ဦးတည်လျက် ရေချိုးခန်းထဲရောက်တော့ ရေပန်းအားဖွင့်၍ ရေပန်းအောက်၌ထိုင်ပြီးမှသာ သူအော်ငိုမိသည်။

နာကျင်စရာကောင်းလွန်းလှတဲ့ သူ့ဘဝလေးကိုမည်သူတစ်ဦးတစ်ယောက်ကမှ * မဖေးမနိုင်ကြတော့ဘူးလား * တွေးရင်း...

အတွေးများကလည်းသူ့ဘဝအတွက်နာကျင်ဖို့အစပြုခဲ့သောအတိတ်ဆီသို့......

----လွန်ခဲ့သောနှစ်လ----

* ရှောင်းကျန့်တစ်‌ေယာက် ကျောင်းပိတ်ရက်ဖြစ်၍ တစ်ပတ်စာ အိမ်အတွက်လိုအပ်သည်များကို ဝယ်ရန်သူ့တိုက်ခန်းနှင့်အနီးဆုံးmarketသို့သာ ထွက်လာခဲ့သည်။

ညနေကျရင်လဲ ညစျေးတန်းလျှောက်ရန် ရိပေါ်နှင့်ချိန်းဆိုထားသဖြင့် မနက်ကတည်းကလုပ်စရာများလုပ်ထားရန်ဖြစ်သည်။

ရှောင်းကျန့်လဲ တစ်ပတ်စာဝယ်လိုက်ရသည့်အပြင်သူ့အသုံးဆောင်ပစ္စည်းအချို့ကလည်း ကုန်လို့ထပ်ဝယ်လိုက်ရသောကြောင့် ပစ္စည်းများက လက်ဝယ်မနိုင်နင်းနှင့် ဖရိုဖရဲဖြစ်နေပေသည်။ပစ္စည်းများမနိုင်မနင်းနှင့် သူကားရှိရာဆီသို့ လာနေရင်း

' ကျွီ.....၊အားးး '

ရှောင်းကျန့် သူ့အားတိုက်မိပြီအထင်နှင့် ပစ္စည်းများအား ယောင်မှားပြီးလွှတ်ချ၍အော်မိသည်။
ဝမ်လုဟန်တစ်ယောက် မိမိကားရှေ့၌မျက်လုံးစုံမှိတ်၍အော်နေသောကောင်လေးအား ကြည့်လိုက်စဥ်သူ့ရဲ့နှလုံးသားလေး ဖြတ်ခနဲလှုပ်ခတ်မိသွားသည်။

* ဘယ်လိုလေးလဲကွာ *

သူ့ရှေ့က သုံးနှစ်သားသဖွယ် လူသားလေးအားကြည့်နေမိပေသည်။

အချိန်ခနလောက်ကြာတော့မှ ရှောင်းကျန့်မျက်လုံးဖွင့်၍ သူ့ကိုယ်သူကြည့်မိသည်။

တွဲလက်တွေမြဲပါရစေ(completed)Where stories live. Discover now