part2🤒

1.5K 61 5
                                    

ရိပေါ်တစ်ယောက် အိမ်ကိုတောင် ပြန်ရောက်လို့ရောက်မှန်းမသိရောက်လာတယ်။ ရောက်တယ်ဆိုရင်ပဲ ပါးက အိမ်ရှေ့မှာထွက်ကြိုနေတယ်။

ဒီလိုပါပဲ ပါးက သူ့ကိုအမြဲကြိုနေကျ။ ကလေးလေးတစ်ယောက်လို သူ့ကို အမြဲဆက်ဆံတက်တယ်။

"သား လာထိုင် ပါးပြောစရာရှိလို့"

    "ဟုတ်"

"ပါးအခုပြောမယ့်စကားကို သားလေးလေးနက်နက်စဥ်းစားပေးပါ။ သား ပါးနောက်အိမ်ထောင်ပြုချင်တယ်သား"

    "ဗျာ..."

သူအံ့သြမိတယ်။ သူနဲ့နေလာတဲ့ တစ်လျှောက်လုံးပါးက မိန်းကလေးတွေနဲ့  ပတ်သက်ပီး ဘာမှမကြားခဲ့ရဘူး။

* ငယ်စဥ်မိခင်မေတ္တာ လိုအပ်ခဲ့စဥ်တုန်းကတောင်အိမ်ထောင်ထပ်မပြုခဲ့ပါပဲ သူ့အသက်၁၈ကျော်မှပါးကဘာလို့နောက်အိမ်ထောင်ပြုချင်ရတာလဲ *

ဒါ‌ေပမယ့် သူမကန့်ကွက်လိုပါ။ ပါးကိုစိတ်ချမ်းသာစေချင်တယ်။ သူ့ကန့်ကွက်လို့ ဆိုပီးသူ့အပေါ် ပါးငြိုငြင်မှာကို တကယ်မလိုလားဘူး။

"သား ဝမ်လေး"

    "ဗျာ ပါး အော် ပါးသဘောပါ"

"တကယ်လားသား ပါးဝမ်းသာလိုက်တာ ပါးထင်တာက သားများပါးကိုစိတ်ဆိုးမလားလို့ပေ့"

    "ဆိုးစရာလားပါးရယ် ပါးအတွက်လဲ ဆေးပေးမှီယူလိုတယ်လေ"

"ကျေးဇူးပါသားရယ် လာပါအုံး ပါးဖက်ပါရ‌ေစ"

ပီးအနည်းငယ်ကြာအောင် သားအဖနှစ်ယောက် ဖက်ပီးကာမှ ဝမ်ပါးကပြန်ခွာပီး

"နောက်အပတ်မှာပဲ ပါးတို့လက်ထပ်ဖို့ လုပ်ထားတယ် ပြီးတော့သူကလဲ တစ်ကိုယ်တည်းသမားဆိုတော့ နက်ဖြန်ကစပြီး သူ့ကိုဒီမှာလာနေစေချင်တယ် အဲ့တာသားဆန္ဒ....."

    "ရပါတယ် ပါးရယ် ပါးဆန္ဒက သားဆန္ဒပါပဲ"

ပြောပီး သူအပေါ်တက်လာခဲ့တယ်။ သူအနားယူချင်နေပီ။ ချစ်သူနဲ့လဲလမ်းခွဲခဲ့ရတာ အိမ်ရောက်တော့လဲပါးကနောက်အိမ်ထောင်ပြုဖို့ပြောတယ်။

* ဘာတွေလဲ ဘာကိုမှနားမလည်ချင်တော့ဘူး *

ဘေးနားကအံဆွဲထဲမှာရှိတဲ့ဆေးဘူးလေးကိုသာဆွဲယူပီးအိပ်စက်ခြင်းဆီသို့....

တွဲလက်တွေမြဲပါရစေ(completed)Where stories live. Discover now