part13🤒

851 43 3
                                    


ဒီနေ့နဲ့ဆိုရိပေါ်တစ်ယောက် အိမ်မပြန်တာတစ်လကျော်နေပြီ။ အိမ်ကိုလဲမပြန်ဖြစ်သလို အဆက်သွယ်ပါဖြတ်ထားခဲ့သည်။

သူ့ရဲ့နာကျင်နေရမှုကို ဘယ်လိုဖြေဖျောက်ရပါ့မလဲ။ချစ်ရသူကို တစ်ပါးသူရဲ့ လက်ထဲမှာတွေ့ရတဲ့အခါနာကျင်မှုက ပြောမပြတက်အောင်ပါပဲ။

နာကျင်ရသည်။  ခံစားရသည်။ ရင်နှင့်အမျှ...

ချစ်ရသူကို လက်မလွှတ်နိုင်လို့ အရယူခဲ့တာ။  နာကျင်ရမယ်မှန်း သိသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ၊
နာကျင်နေပါလျက် ချစ်ရသူသာ ဘေးမှာရှိနေလျှင်ဖြေသိမ့်နိုင်မှာပါ ဆိုတဲ့ခံယူချက်လေးနဲ့ ဒီလမ်းကိုရွေးချယ်ခဲ့တာလေ။

အခုတော့ သူပိုပြီးနာကျင်နေရတယ်..
ခံစား‌နေရပါတယ်....

ချစ်ရသူရဲ့ သူ့အပေါ် ခံစားချက်တွေကအစစ်မှန် ဟုတ်ခဲ့ပါလေစ။
တကယ်ချစ်ခဲ့ရဲ့လား....

အရင် သူနဲ့တွဲနေစဥ်တလျှောက်လုံး သူ့အပေါ်မှာ~

ဂရုစိုက်ပေးခဲ့ပါရဲ့..

ကြင်နာပေးခဲ့ပါရဲ့....

နွေးထွေးပေးခဲ့ပါရဲ့.....

ဒါတွေကအတုယောင်တွေများလား  ခင်ဗျားရယ်

မဟုတ်ရပါဘူးရယ်လို့ တစ်ယောက်ယောက်များ လာပြောပေးနိုင်မလား။
မဟုတ်ပါဘူးရယ်လို့ တွေးရင်ဖြေသော်ငြား သူမြင်ခဲ့ရတာက ချစ်ရသူရဲ့ သူမဟုတ်တဲ့တစ်စုံတစ်ယောက်ရဲ့ရင်ခွင်ထဲမှာ...

ထိုမြင်ကွင်းကြီးကိုမေ့ဖျောက်ချင်ပါသည်၊သို့သော်ငြား စိတ်ရဲ့အလိုကိုမလိုက်တဲ့ မျက်လုံးနှစ်လုံး၊

ကိုယ်တိုင်မြင်တွေ့စေခဲ့တဲ့ သူ့ရဲ့မျက်လုံးနှစ်လုံးကိုနှိုက်ထုတ်ပြီးစွန့်ပစ်လိုက်ချင်ပါရဲ့

ထိုမြင်ကွင်းကို မေ့ဖျောက်မရအောင် မှတ်မိလွန်းနေတဲ့ သိပ်ကောင်းလွန်းလှတဲ့ ဒီဦးနှောက်ကြီးကိုလည်းထက်ခြမ်းခွဲပြီး လွှင့်ပစ်လိုက်ချင်မိပါရဲ့

နောက်ဆုံး ထိုမြင်ကွင်းကြောင့် နာကျင်နေရတဲ့နှလုံးသားတစ်စုံကိုလည်း ရင်ဘတ်ထဲက ဆွဲထုတ်ပြီးအဝေးသို့လွင့်စင်စေလိုပါရဲ့

ထိုနေ့ကစ၍မှ အိမ်နဲ့အဆက်သွယ်ဖြတ် တစ်ယောက်တည်းသီးသန့်နေခဲ့သည်။

ဟောက်ရွှမ်းတို့ရဲ့ အကူညီယူပြီး ပေကျင်းမြို့ပြင်ရဲ့ ချောင်ကျကျ တိုက်ခန်းတစ်လုံးတွင်သာ အရက်များကိုအဖော်ပြု၍ ။

နာကျင်နေရတဲ့နှလုံးသားတစ်စုံအတွက် ဖြေဖျောက်လို့ ရလိုရငြား....

  ဟောက်ရွှမ်းတို့ကိုတော့ ဝမ်အိမ်တော်ကဆက်သွယ်လာလျှင် သူနှင့်လီလီယွမ် ပြင်ပသို့အလည်သွားကြောင်း ပြောစေသည်။

အခန့်သင့်လေတော့ လီလီယွမ်ကလဲ သူ့ရဲ့အဘွားရှိရာမြို့သို့ အလည်သွားကြောင်း သိရသဖြင့် ၊

ဟောက်ရွှမ်းတို့ရဲ့ ပြောပုံအရ ဝမ်အိမ်တော်ကလည်း သူတို့ကို တစ်နေ့တစ်ခါလောက် သူ့ရဲ့သတင်း စုံစမ်းသည်တဲ့။

သူဖြေရှင်းချက်ကို နားထောင်ရင် ကောင်းမလား တွေးမိပါသည်။   "အထင်များ လွဲမှားပြီး မြင်တွေ့ခဲ့ရတာလား"

သို့သော် သူမတွေးရဲပါဘူး။ အကယ်၍သာ သူတို့ရဲ့ဖြေရှင်းချက်က သူထင်‌ေနသလို ဟုတ်မှန်နေခဲ့လျှင် အ့အခါကျ သူရှင်လျက် နှလုံးကွဲပြီး သေရချည်ရဲ့။

အစိမ်းလိုက် အသဲခွဲခံရပြီး ထုတ်ယူခံနေရသလို...

~~~~~

သို့သော် သူ မသိသည်က ဘယ်အရာကိုမဆို တဖတ်သက်ချည်း တွေးပြီးခံစားနေလျှင်...

ပြဿနာတစ်ခုရယ်လို့ ဖြစ်လာခဲ့လျှင် နှစ်ဦးနှစ်ဖက် ထိပ်တိုက်တွေ့ဆုံပြီး ဖြေရှင်းပါမှ ပြေလည်စေမည်ဆိုတာရယ်...

အထူးသဖြင့် အချစ်အတွက်ဆို အားလုံးကစုံလုံးကန်း၍ လွဲမှားတဲ့အတ္တတွေဖြစ်စေတက်တာကို၊ ဒီကောင်လေးက သတိမထားခဲ့မိလေတော့.......

ဝေးခဲ့ရပြီပေါ့.....

------🌼-------

အားနည်းချက်လေးတွေကိုထောက်ပြ အကြံပေး ပေးပါသော လီအိုလေးအားကျေးဇူးတင်လျက်...🌻👈
ဒါဒါတစ်ယောက်စီတိုင်းကိုလဲ😚😚😚

8/12/2021
2:09PM




တွဲလက်တွေမြဲပါရစေ(completed)Where stories live. Discover now