part12🤒

826 42 1
                                    

AN /ဒါလေးကရှေ့အပိုင်းနဲ့တစ်ချိန်တည်းဖြစ်နေတာနော်

✨✨✨

ရိပေါ်ထွက်သွားလေတော့ ရှောင်းကျန့်နောက်မှ လိုက်မည်အလုပ် ခေါင်းကမိုက်ခနဲဖြစ်သွား၍ မေ့လဲသွားသည်။

ထိုသည်ကို ရိပေါ်ကတော့မသိ၍သာ.....

ရိပေါ်ထွက်သွားပြီး ခနကြာ ၊ဝမ်ပါးမှ ရှောင်းကျန့်၏အခြေအနေကို သိစေလိုသောကြောင့် ဦးရှင်းအားအပေါ်ထပ်သို့တက်ကြည့်ခိုင်းလေသည်။
ဦးရှင်းလဲအပေါ်သို့ရောက်သော် တံခါးဝတွင်မေ့လဲနေသောရှောင်းကျန့်အားတွေ့လေတော့...

" လာကြပါအုံး လာကြပါအုံး ဒီမှာအကိုလေးဘာဖြစ်မှန်းမသိဘူး မေ့လဲနေလို့ "

အော်ရင်းနှင့်ပင် ရှောင်းကျန့်အား ပွေ့ချီ၍အိပ်ယာပေါ်သို့တင်စေသည်။
ဦးရှင်းရဲ့အသံကိုကြားလေတော့ ဝမ်ပါးတို့လဲအမြန်တက်လာခဲ့ကြပြီး ရှောင်းကျန့်အားလှုပ်နိုးစေသော်လည်းအချည်းနှီးသာ။

ရှောင်းကျန့်မှ လှုပ်၍မလာသောကြောင့် မိသားစုဆရာဝန်သို့သာဖုန်းဆက်ခေါ်လိုက်သည်။

ဝမ်အိမ်တော်တွင် မေ့နေသောသူအတွက်စိုးရိမ်နေကြရသလို တစ်ဖက်barတွင်လည်း လူငယ်တစ်စုကလူငယ်တစ်ဦးအား လမ်းမှားမရောက်အောင်အကြံပေးကူညီလျက်ရှိသည်။

ဆရာဝန်ရောက်လေတော့ ရှောင်းကျန့်အားလိုအပ်သည်များကိုစမ်းသပ်ပြီး

" လူနာကအတော်အားနည်းနေပါတယ်
ပြီးရောဂါအခံကရှိနေတာကိုဆေးလဲပုံမှန်မသောက်ဘူးထင်တယ်
ရောဂါက stressများရင်ပိုဆိုးပါတယ်
ကြည့်ရတာ stressအရမ်းများနေတယ် ရောဂါကဆေးပုံမှန်သောက်ရင် ပျောက်နိုင်ချေရှိပေမယ့် ဒီလိုပုံနဲ့သာဆက်သွားနေမယ် ဆိုရင်တော့အတော်လေးခက်ခဲလာနိုင်တယ် "

ဝမ်ပါးမှ ~~~

" ကျွန်တော်တို့ဘာဆက်လုပ်ရမလဲ ပြောပါ doctor "

     " ကျွန်တော့်သဘောအရဆိုရင်တော့
ဒီ့ထပ်ဆိုးမလာခင်ကုသစေချင်ပါတယ်
ပြီးတော့ ဒီမှာထပ်စာရင် USတို့လိုနေရာမျိုးကိုသွားပြီးကုသစေချင်တယ်
အစစအရာရာအဆင်ပြေအောင် ကျွန်တော်ကူညီပေးပါ့မယ် "

တွဲလက်တွေမြဲပါရစေ(completed)Where stories live. Discover now