part21💛

1K 37 3
                                    

"ကျန့်... ကျန့်ရေ.....
မောင့်ကိုရက်စက်တော့မှာလား ကျန့်ရယ်...
မောင့်ကို နည်းနည်းလေးတောင်မှ မောင့်ကိုလေ...
ကျန့်....မောင့်အချစ်ရေ...."

  အခုဆိုရင်တော့ဖြင့် ဝမ်ရိပေါ်ရဲ့ဒရမ်မာခင်းနေမှုကြီးကိုတွေ့နေရတာဖြစ်ပါတယ်။ရှောင်းကျန့်အလုပ်ကပြန်ကတည်းကလိုက်ပို့ပါရစေပြောပြီး အိမ်ထိပါလာခဲ့တာ။ရှောင်းကျန့်ကလဲ ဝမ်သူဌေးရဲ့ဂျစ်တိုက်နေမှုကြီးကိုသည်းမခံနိုင်၍လိုက်ပို့ပါရစေဆိုသောစကားကိုလက်ခံခဲ့ခြင်း။အခုတော့သူမှားမှန်းသိလေပြီ။

လိုက်ပို့အပြီး အိမ်ထဲအလည်ခေါ်၍ အအေးနှင့်တောင်ဧည့်ဝတ်ပြုလိုက်ပါသေး။ဒါက်ိုအခုက သူ့အိမ်မှာညအိပ်ဖို့ပါခွင့်တောင်းနေသောကြောင့် အတင်းတွန်းလွှတ်ပြီးတံခါးပိတ်ထားသည်ကို အခန်းရှေ့ဝယ် ဒရမ်မာကိုအပီအပြင်ချိုးနေလေရဲ့။

ဒီကောင်လေးရဲ့ ဂျစ်ကျမှု၊ မထိတထိကလူကျီစယ်မှုတွေကြောင့် ရှောင်းကျန့်တစ်ယောက်အင်မတန်ပင်ပျော်ရွှင်နေရပြီး တခါတခါဆိုလက်ရဲဇက်ရဲရှိလှလွန်းသောကြောင့်ကြက်သီးများပင်ထရလေတယ်။

  *ဝမ်လေးရယ် မင်းကိုဘယ်တုန်းကမှအချစ်မပျက် အမုန်းမရှိခဲ့တဲ့သူရယ်ပါ ....
ကိုယ့်ရဲ့အချစ်ကိုပြန်ရဖို့အတွက် မင်းဒီလောက်ထိကြိုးစားနေဖို့မလိုပါဘူး...ဒါပေမယ့်လေ မင်းကိုယ့်အပေါ်အရမ်းဂရုစိုက်လာပြီးချစ်ပြတက်လာတာမြင်ရတော့ ကိုယ်တကယ်ကြည်နူးမိတယ်။
မင်းကိုရဲဝံ့စွာချစ်တက်လာဖို့ ကိုယ်အားမွေးနေရုံပါ
ကိုယ့်ကိုခနလောက်တော့စောင့်ပေးနိုင်မယ်မဟုတ်လားဟင်....*

ရှောင်းကျန့်တစ်ယောက် မနေနိုင်တဲ့အဆုံးတံခါးဖွင့်လိုက်ရတော့တယ်။အခုမှမဖွင့်ရင် ရဲစခန်းရောက်ရပေတော့မည်။ဘေးနားကအခန်းတွေကပါ မဆူဖို့အော်ဟစ်လာကြသောကြောင့်ပင်။သူ့ကြောင့်နဲ့တော့ဒီကောင်လေးကို ထိုနေရာတွေမရောက်စေချင်။

'‌ချောက်~~~

တံခါးဖွင့်ပေးတယ်ဆိုရင်ပဲ ခုနအော်နေတာ သူမဟုတ်သည့်အတိုင်းပင် စပ်ဖြီးဖြီးနှင့်ဝင်လာတယ်။

"ဟီးးးကျန့် ဝင်လာခဲ့မယ်နော်"

*အော် မဝင်နဲ့လို့အော်လွှတ်လိုက်ရတော့မလား။
ဒီမျက်နှာကအူယားဖို့ကောင်းလိုက်တာနော်..ဟင်းးဟင်းး*

တွဲလက်တွေမြဲပါရစေ(completed)Where stories live. Discover now