part20💛

934 44 1
                                    

  ရှောင်းကျန့်တစ်ယောက် အတော်ပင်နေရခက်လှတယ်။ အပြင်ပန်းက တည်ငြိမ်စွာပင် ဟန်မပျက်အလုပ်လုပ်နေသော်ငြား ရင်ဘတ်ထဲတွင်တော့ကုလားဘုရားပွဲလှည့်နေသလိုပင်။

ဘယ်နှယ့် အလုပ်လုပ်နေသည်ကိုရှေ့တည်တည့်မှ ထိုင်၍စက္ကန့်မလပ် ငမ်းပြနေသော သူဌေးဝမ်ရိပေါ်ကြောင့်ပင်။ ဒီသူဌေးက ဘယ်လိုများအောင်မြင်လာတာပါလိမ့်.....

အလုပ်စဝင်တာ တစ်ပတ်ကျော်ပြီ။ အလုပ်လုပ်တဲ့နေရာကိုလဲ သူ့အခန်းထဲထည့်ထားတယ်။ ထိုအချိန်ကတည်းကနေ့တိုင်းပင် အလုပ်လုပ်သည်မတွေ့...
သူ့ရဲ့ရှေ့တွင်သာ ထိုင်နေတာချည်းတွေ့နေရတယ်။

ဒါများ ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်နေတာတဲ့။ အခုလိုပုံစံကိုမြင်ကြရင်ရော......

အင်းးးးးချီးကျူးနေတဲ့သူတွေ သွေးဆေးသောက်ရလိမ့်မယ်။

* တနေကုန် အခုလိုငမ်းနိုင်ဖို့အတွက် ညဘက်တွေမှာမအိပ်မနား ထိုင်ပြီးလုပ်ခဲ့ရတာတွေကို သိရင်ရော... *

   ရှောင်းကျန့်ရဲ့သည်းခံနိုင်စွမ်းကုန်ပြီလေ....

" သူဌေး လုပ်စရာအလုပ်လေးများ မရှိဘူးလား ခင်မျ "

     "......."

" သူဌေး..! သူဌေး... "

တကယ်ပင် စိတ်တိုလာပြီ။ ဘယ်လိုလူလဲ...

ဒီမှာ နှလုံးအခုန်လွန်ပြီး သေလို့ရနေပြီလေ.....

" သူဌေး ဘာလို့အ့လောက်ထိကြည့်နေရတာလဲ "

မမေးမိရင် ကောင်းသားလို့ ရှောင်းကျန့်ထင်မိတယ်။ဖြေလိုက်တဲ့အဖြေကြောင့် ချက်ချင်းပင် ရှိသမျှအမွှေးအကုန်ထောင်သွားလေရဲ့...

   "မောင့်အချစ်က တအားတွေကြည့်ကောင်းလွန်းလို့ပါ "တဲ့

ကဲကြည့်.....ဘယ်လိုတောင်ခေါ်လိုက်တာပါလိမ့်။
ဒီကောင်လေး သူ့ကိုနှလုံးရောဂါရအောင်လုပ်နေတာများလား....

သူဆေးခန်းပြကြည့်မှရတော့မယ်....

မောင်တဲ့...
သူ့ကိုယ်သူ နာမ်စားလေးတစ်ခုနဲ့တောင် သုံးနှုန်းတက်နေပြီ။ ကိုယ့်ကိုလဲ အချစ်တဲ့....

* မဖြစ်ဘူး မဖြစ်ဘူး ရှောင်းကျန့်...
ပျော်ဝင်သွားလို့မဖြစ်ဘူး *

___________________

ရုံးမှာတင်ပဲ ဖလစ်တက်တာလားလို့မထင်နဲ့နော်...

အိမ်အပြန်ကို နောက်ကနေတစ်လက်မမခြား ပါလာတက်ပြန်တယ်။ မေးပြန်ရင်လည်း....

" မောင့်အချစ်ကို စိတ်မချဘူး "

ဆိုတဲ့စကားကြောင့် သူငြိမ်နေရပြန်ပါတယ်။ ပြန်ပြောရင်လည်း ဒီကောင်လေးကို သူနိုင်မယ်မထင်....

ကောင်လေးရဲ့ ဖလစ်မှုတွေကြောင့် ရင်မခုန်ဘူးလားဆိုရင်တော့ အင်းးးးး
ရင်ခုန်ယုံတင်မဟုတ်ပါဘူး....
တစ်ကိုယ်လုံးပါခုန်ချင်နေလို့ မနည်းကိုက္ကန္ဒြေဆည်နေရတာ ကိုယ့်ကိုသာအသိဆုံး....

ခင်ဗျားတို့ရော ကိုယ်ချစ်တဲ့လူက ကိုယ့်ကိုဖလစ်နေရင် ဘယ်လိုနေမလဲ...
မေ့လို့ ခင်ဗျားတို့ ခံစားဖူးမှုမဟုတ်ဘူးလေ..

----------🌼---------

7:00PM
2.1.2022

တိုသွားတယ်နော် သွေ့ပုချီပါ🤒
ဘယ်လိုမှ မုမဝင်လို့ပါနော်😞
နောက်ကျ အရှည်ကြီးအပ်ပေးပါ့မယ်😚😚


တွဲလက်တွေမြဲပါရစေ(completed)Where stories live. Discover now