part16🤒

947 52 2
                                    

" ရှောင်း..ရှောင်းကျန့် မရှိတော့ဘူး ဝမ်လေး "

      " ဗျာ "

" ဟုတ်တယ် ဝမ်လေး၊ ရှောင်းကျန့် ပျောက်နေတယ် "

      " ဘယ်လို ပါးရဲ့"

" ဘယ်ရောက်နေမှန်း မသိဘူး ဝမ်လေး၊ ရှာလို့လဲမရဘူး
လုံးဝကို အဆက်သွယ်ဖြတ်သွားတာ "

       " ကျွန်တော် နားလည်အောင် ပြောပြပေးလို့မရဘူးလား ပါး၊ ဘာလို့ ပျောက်သွားရတာလဲ။
ဘာလို့ ရှာမရ ရတာလဲ။ ဘာကို အဆက်သွယ်ဖြတ်တာလဲ။ သေသေချာချာ ပြောပါ ပါးရယ် "

" ပါး အားလုံးကိုသေချာရှင်းပြမှာပါ။ အခုတော့ပါးနဲ့သာ အရင်ပြန်လိုက်ခဲ့ပါနော်။ ဟိုရောက်ရင် အကြောင်းစုံပြောပြမှာမို့.....ပါးနဲ့ပြန်လိုက်ခဲ့မယ်မို့လား "

ရိပေါ် ခေါင်းသာငြိမ့်မိလိုက်သည်။

* ချစ်ရသူကို ပျော်ရွှင်စေချင်လို့ ထားရစ်ခဲ့တာလေ။ အခုတော့ ပျောက်နေတာတဲ့လား။ ဘာတွေကလွဲနေပြန်ပြီလဲ *

ပြန်လာတဲ့လမ်းတစ်လျှောက်လုံးလဲ ရိပေါ်ကားအပြင်ဘက်သို့သာ ကြည့်၍လိုက်ပါလာခဲ့သည်။ စိတ်တွေက အလွန်ပင် ရှုပ်ထွေးနေရပြီ။

* ချစ်ရသူကို အခြားတစ်ယောက်နဲ့အတူတွဲပြီးတွေ့ရတော့လဲ နာကျင်ရတယ်၊ ထိုနာကျင်မှုကို မေ့ပြီးနေနိုင်အောင် ကြိုးစားနေရတာလဲ အခုချိန်ထိပဲ။ ဒါမဲ့ အခုလို ဘာမှန်းမသိပဲ ပျောက်နေတယ်သိရတော့လဲ နာကျင်နေရပြန်တယ်။တကယ်ပါ ဒီနှလုံးသားက ဘယ်လိုကြောင့် အကြိမ်ကြိမ်နာကျင်နေရပြန်တာလဲ ၊ သူကိုယ်တိုင်တောင်မသိတော့ပါဘူး... *

ရိပေါ် တွေးရင်းဆွေးရင်းနဲ့ပဲ လိုက်ပါလာခဲ့သည်။ ဝမ်ပါးက ' အိမ်ရောက်ပြီ၊ ဆင်းရန် ' ပြောမှသာ အတွေးတစ်ခန်းရပ်သည်။

" ဝမ်လေး အနားယူရင် ယူအုံးလေ၊ ပါးတို့ အေးဆေးပြောကြတာပေါ့ "

      " ရတယ် ပါး၊ ကျွန်တော့်ကိုသာ အမြန်ပြောပြပါ။
ရှောင်းကျန့်က ဘယ်လိုဖြစ်ရတာလဲ "

ရိပေါ် အချိန်တွေ ထပ်မဆွဲချင်နေတော့ပါ။ ခရီးပန်းတာတစ်ကြောင်း၊ ဟိုမှာနေစဥ်အတွင်း အစားမမှန်လို့အနည်းငယ် အားလျော့သည်ကတစ်ကြောင်း၊ နားချင်နေပါသော်လည်း ချစ်ရသူရဲ့အရေးလောက် ဘယ်အရာကိုမှ မမှုတော့ပေ။

တွဲလက်တွေမြဲပါရစေ(completed)Where stories live. Discover now