*1*

4.1K 267 25
                                    

(Unicode Version)

"ဂျောင်ဂု...."

"ဪ ဂျီမင် ဘာကိစ္စလဲ ..."

"ငါတို့ ဒီည ကလပ်စ်မရောက်တာကြာပြီလေ သွားကြမလား...."

"စိတ်မပါဖူး....."

"စိတ်မပါလဲ လိုက်ခဲ့ကွာ မဒီတွေ တော်တော်လန်းတယ်လို့ကြားထားတယ် ။ အသစ်တွေလဲ ထပ်ရောက်တယ်တဲ့...."

ဂျီမင်အပြောကြောင့် အလုပ်လုပ်ရ‌ကနေ မျက်လုံးလှန်ပြီး ဂျောင်ဂုကြည့်လိုက်သည် ။ ပတ်ဂျီမင်က လူကောင်သာသေးတာ သူမသိတဲ့သတင်းဆိုတာ မရှိသလောက်ကိုရှားသည် ။

"ဘယ်လိုလဲ မင်းလိုက်မယ်မလား...."

"ငါ မဒီလေးတွေနဲ့အိပ်ရတာ စိတ်ကုန်လာပြီ ပတ်ဂျီမင် ။ မင်းပဲသွား......"

တကယ်လဲ ဂျောင်ဂုစိတ်ကုန်မိသည်ကအမှန် ။ မိန်းကလေးတော်တော်များများက တစ်ညတာ ပတ်သတ်မှုကို သူတို့အတွက် တစ်ဘဝလုံးစာပတ်သတ်မှုများ ထင်နေလားမသိ‌ ။ မပြီးနိုင်မစီးနိုင် လာပတ်သတ်နေသည်ကို ဂျောင်ဂု တော်တော်လေး မုန်းပါသည် ။  အေးဆေးနေချင်လို့မှ အပူမရှာပဲ one night standနဲ့ ပျော်ပါတယ်ဆိုမှ ထိုဟာတွေက ပိုပြီးစိတ်ရှုပ်စေသည် ။

"ဒါဆိုရင် ငါတို့ Gay barသွားကြမလား....."

"Gay bar?...."

စိတ်ဝင်စားတာနဲ့ အလုပ်ကိုခေတ္တရပ်ပြီး ဂျီမင်ကိုကြည့်လိုက်သည် ။

"မဒီလေးတွေ ငြီးငွေ့မှတော့ ကောင်လေးငယ်ငယ်ချောချောလေးတွေရှိရာကို လစ်ကြတာပေါ့ ။ စာရင်းဇယားရှုပ်သက်သာတယ်လေ မဟုတ်ဖူးလား။ ငါလဲ ငြီးငွေ့လာပြီလေ အသစ်အဆန်းတော့ ရှာလုပ်ကြည့်ချင်တယ်....."

တစ်ချက်တွေသွားမိသည်က အမှန် ။ Gay barသွားရအောင်လည်း သူက Gay မဟုတ်သည်က အမှန် ။ ဂျီမင်ပြောသလို အသစ်အဆန်းတော့ရှာလုပ်ကြည့်ချင်သည် ။ ကောင်မလေးနဲ့အိပ်တာထက် ကောင်လေးနဲ့ အိပ်တာက ဇယားရှင်းတာမှန်သလို ကောင်လေးခြင်းဆက်ဆံတဲ့ feeling အရသာကိုလည်း အသစ်အဆန်းအ‌နေဖြင့် သူခံစားချင်သည် ။

"ဘယ်လိုလဲ ငါတို့ သွားကြမလား ဒီည...."

"သွားကြတာပေါ့ ဂျီမင်...."

❤️Innocent ❤️Where stories live. Discover now