*9*

1.9K 151 42
                                    

"အိမ်တော်ထိန်းကြီး..."

"အွန်း ဘာလဲ ...."

"သခင်လေးတို့နှစ်ယောက်ကလေ ခုခေါ်လာတဲ့ကောင်လေးနှစ်ယောက်ကို အတည်လားဟင်...."

"ဘာဖြစ်လို့လဲ....."

"အတည်မဟုတ်ရင် သနားစရာကောင်းလို့ပါ နှစ်ယောက်လုံးက ချစ်ဖို့ကောင်းသလို ဖြူစင်ကြတယ်လေ....."

"ဒီတစ်ခါတော့ အတည်ပါအေ ။ အတည်မဟုတ်ရင် ဘယ်အိမ်ခေါ်လာပါ့မလဲ ။ အပြင်မှာတင် ဇာတ်လမ်းက ပြီးနေပြီလေ....."

"အိမ်တော်ထိန်းကြီးကော သဘောတူလားဟင် ...."

"တူတာပေါ့ ငါ fan pageတောင်ထောင်ထားသေးတယ်...."

"ဟင်တကယ်လား...."

အိမ်တော်ထိန်းအပြောကြောင့် တအံ့တဩဖြစ်သွားကြသော အိမ်အကူကောင်မလေးနှစ်ယောက် ။

"အင်းတကယ် taekook & yoonmin pageလေ ။ နင်တို့လဲ မြန်မြန်ငါ့ pageကို followလုပ်ထားကြ...."

အိမ်အကူ ကောင်မလေးနှစ်ယောက်မှာလဲ  ခပ်မြန်မြန်ပင် ဖုန်းထုတ်ကာ ထိုpageကိုညlike & follow လုပ်ထားလိုက်သည် ။ 

"Pageထောင်ပြီး ဘာမှာမတင်ရင် အလကားပဲလေ အိမ်တော်ထိန်းကြီး.....'

"ငါ သိတယ် ဒီနေ့ကစပြီး အလုပ်နောက်တစ်ခု လုပ်ရမယ်...."

"ဘာအလုပ်လဲဟင်....."

"သခင်လေးတို့အတွဲကို လိုက်ချောင်းပြီး ဓာတ်ပုံရိုက်တဲ့အလုပ်။  romantic အဆန်ဆုံး ဓာတ်ပုံတွေရိုက်ရမယ်  ဘယ်လိုလဲ လုပ်ချင်ကြလား....."

"အိုး ဒါမျိုးအလုပ်ကို မလုပ်ရင် လူဖြစ်ရကျိုး ဘယ်တန်တော့မလဲ လုပ်မှာပေါ့ ။ ဘယ်နေ့ကနေ စမှာလဲဟင် အလုပ်က ....."

"ဒီနေ့ပဲ စမယ်လေ ။ မြန်မြန် အဝတ်စားလဲခဲ့...."

အိမ်အကူနှစ်ယောက်လဲ မြန်မြန်အဝတ်စားလဲကာ သခင်လေးတို့ သွားသော ကစားကွင်းတို့ အိမ်တော်ထိန်းကြီးနှင့်အတူ နောက်က‌လိုက်ခဲ့ကြသည် ။

ကစားကွင်းရောက်တော့ တွေ့ပါပြီ ။ သူတို့ သခင်လေးနှစ်ဦး သက်ဆိုင်သူ ကိုယ်စီကို အပြုံးလေးတွေနဲ့ ငေးကြည့်နေကြတာများ  ဘေးကသူတို့တောင် အချစ်အငွေ့သက်ထုထည်ကို ခံစားမိသည်အထိပင် ။

❤️Innocent ❤️Where stories live. Discover now