*11*

1.8K 157 5
                                    

(Unicode......)
"ဒီနေ့အလုပ်စဝင်ရမှာမလား နွန်း..."

"အွန်း ဟုတ်တယ်....."

"ထမင်းစားသွား ဗိုက်ဝနေမှအလုပ်လုပ်လို့ ကောင်းမှာ........"

သူ ခေါင်းသာ အသာငြိမ့်ပြလိုက်သည် ။ထိုနာမ်စားလေးကို royal မခေါ်ဖြစ်တာ  ဘယ်လောက်ကြပြီလဲ ။ ommသူလည်း royalဆိုတဲ့နာမ်စားကို မခေါ်ဖြစ်တာလဲကြပြီလေ ။ လွမ်းနေခဲ့တာ နွန်းဆိုတဲ့ ခေါ်သံလေးကို ။

"ငါ အလုပ်မှာ ကံပိုကောင်းအောင်  ထပ်ခေါ်ပေး နွန်း ဆိုတာကို ......"

"အွန်း မင်းအမြဲတမ်းကံကောင်းဖို့ ခုကစ အမြဲတမ်းခေါ်နေမှာ နွန်း......."

ပြုံးပြလာတယ် ။ ဖြူစင်တယ် ခုအပြုံးလေးက ။ မင်းအမြဲတမ်း ဖြူဖြူစင်စင်ပြုံးနိုင်ဖို့အတွက် ငါဘာတွေပဲ ပေးဆပ်ရပါစေ ပေးဆပ်မှာ နွန်း ။ ငါ့နှလုံးသားလေးက မင်းအပြုံးနဲ့မှ ရှင်သန်ရပ်တည်နိုင်မှာမို့ ။

"ငါ့အတွက်ရှင်သန်ခြင်းက မင်းပဲ နွန်း....."

"ဟမ် ဘာပြောလိုက်တာ....."

"များများစားလို့ အလုပ်ကောင်းကောင်းလုပ်နိုင်မှာ..."

"ငါအကြိုက်ဆုံးက မင်းလက်ယာလေ များများမစားပဲ မနေနိုင်ပါဖူးနော်....."

"ဟုတ်ပါပြီ စား....."

"ငါ ဒီနေ့ကစ မင်းအိမ်မှာပဲနေမှာနော် ။ ခေါ်ထားမယ်မလား....."

"မင်းသာနေချင်ရင် အဖိုးကြီးဖြစ်တဲ့အထိ ခေါ်ထားမှာ....."

"မင်း မိန်းမက ငြိုငြင်ရင်ရော....."

"ငါက မိန်းမ မယူဖူး ယောက်ျားယူမှာ ။သေချာတယ် အဲ့ဒီကောင်လေးကလည်း မင်းကိုဆိုငြိုငြင်မှာမဟုတ်တာ....."

မင်းကိုယ်တိုင်တော့ ငြိုငြင်ဖို့မဖြစ်နိုင်ဖူးလေ နွန်း ။

"ဘယ်သူဖြစ်မလဲ ငါ သိချင်တာ အဲ့ကောင်လေးက..."

"အချိန်တန်ရင်ပေါ့....."

နွန်း ခေါင်းငြိမ့်ပြလိုက်သည် ။  အွန်း အချိန်တန်ရင် ပေါ့  royal။

"ပျင်းနေရင် ကိုယ့်အလုပ်ဆီ လိုက်ခဲ့ပါလား....."

"အွန်း ပျင်းတယ်လိုက်မှာ ချီ......"

❤️Innocent ❤️Donde viven las historias. Descúbrelo ahora