*4*

2.5K 203 13
                                    


(Uni Vers....)
"အန်တီ....."

"ပြော ကလေးငယ်....."

"လူကြီးပြောတဲ့ kiss စားချင်တယ်....."

"အယ်....."

အဲ့တာမှ ဒုက္ခရောက်ရော kissကစားစရာမဟုတ်တာကို ဒီကလေးကို ဘယ်လိုရှင်းပြရပါ့ ။

"အဲ့တာကလေ အန်တီကျွေးလို့မရဖူး ကလေးငယ်ရဲ့....."

"ဒါဆို ဘယ်သူကျွေးလို့ရတာလဲ ကျွေးလို့ရတဲ့သူဆီက သွားတောင်းစားမယ်လေ....."

"သခင်လေး ဂျောင်ဂုပဲ ကျွေးလို့ရတာ ....."

"ဘာလို့ သူတစ်ယောက်ထဲပဲ ကျွေးလို့ရတာလဲ..."

"အွန်း ဘာလို့လဲဆိုတော့  အဲ့kissက အထူးထုတ်အစားအစာမို့......"

သွား ပြောချင်တာပြောချလိုက်ပြီ ။ အဓိကက သူအပါအဝင် တစ်ခြားသူနား လိုက်ပြီးမပြော အယ် innocentအနေနဲ့ပြောရမယ်ဆို လိုက်ပြီးမတောင်းစားရင် ပြီးတာပဲ ။

"အထူးထုတ်အစားအစာ ဆိုတာ ဘာလဲဟင် အန်တီ..."

"ဪ အဲ့ဒါကလား တစ်ယောက်သောသူသာစားခွင့်ရပြီး ကျန်တဲ့သူစားခွင့်မရတာကို ပြောတာ...."

"ဒါဆို လူကြီးက ကျွန်တော့်အတွက်ပဲ သီးသန့်ထုတ်ထားပေးတာပေါ့နော် ......"

"ဟုတ်တယ် ကလေးငယ်ရဲ့....."

"ဒါဆို ကျွန်တော်မဟုတ်ဘဲ တစ်ခြားသူစားရင် ဘာဖြစ်လဲ....."

"ငရဲကြီး၈ထပ်ကို မကျွတ်မလွတ်ပဲ ခံရတတ်တယ်..."

ဒါဆို အဂီကိုကျွေးလို့ဘယ်ဖြစ်မလဲ ။ တော်နေ အဂီနဲ့ မတွေ့ရပဲ နေလိမ့်မယ် ။ ‌အဂီတောင်းစားရင်တောင် မကျွေးဖို့ ‌ထယ်ယောင်းဆုံးဖြတ်ချက်ချလိုက်သည် ။  ချစ်ရတဲ့အဂီနဲ့တော့ မခွဲချင်ပါ ။ ပြီးတော့ငရဲကြီး၈ထပ်က ကြောက်စရာအကောင်းဆုံးတဲ့ ။ အဲ့လိုကြောက်စရာကောင်းတဲ့နေရာကို အဂီကို ပေးမသွားနိုင်ပါဖူး ။ အဂီက သူ့နားမှာပဲ အမြဲတမ်းနေရမှာ ။

"ဒါဆို အဂီက တောင်းစားရင် မကျွေးရဖူးပေါ့နော် ...."

"အဂီလေး လာတောင်းစားရင် သခင်လေးဂျီမင်ဆီလွတ်လိုက် ကလေးငယ် ။ သခင်လေးဂျီမင်ကလည်း အဂီအတွက် ထုတ်လုပ်ထားပေးတယ်....."

❤️Innocent ❤️Where stories live. Discover now