*10*

1.8K 146 13
                                    

(Unicode.....)
ကလေးငယ် ကာတွန်းကားကြည့်ရင်း စတော်ဘယ်ရီစားနေခြင်းကို အနှောင့်ယှက် မပေးချင်သည့်အတွက် အပြင်းပြေ ဖုန်းသုံးရန် ဆုံးဖြတ်လိုက်သည် ။  ဟိုကြည့် ဒီကြည့်ကြည့်ရင်း ရုတ်ရတ် လက်တို့က ရပ်တန့်သွားရသည်။

အဘယ်ကြောင့်ဆို ကာတွန်းရုပ်ပုံဟာ သူနဲ့သူ့အပိုင်လေးရဲ့ ရုပ်ပုံဖြစ်လို့နေသည် ။ဘေးနားက စာတွေကို ဖတ်ကြည့်တော့ စိတ်ဝင်စားဖို့ကောင်းသည့်မို့  ဆက်ဖတ်ရန် ဆုံးဖြတ်ချက်ချလိုက်သည် ။

ဖတ်ရင်းဖတ်ရင်းနဲ့ အချစ်စမ်းခန်းလည်းရောက်ရော ဂျောင်ဂုတိ သွေးနထင်စောင့်သွားရသည့်အဖြစ်။

"ရား ဒါက လုံးဝကို မဖြစ်သင့်ဖူး..."

ဘယ်နှယ့် သူ့ကို ထယ်ယောင်းအောက်ကို ပို့ချလိုက်တယ်တဲ့ ။ဒါလုံးဝမဖြစ်နိုင်တဲ့အရာကြီးလေ ။

ဘယ်ဘက်ရှုထောင့်ကနေပဲကြည့်ကြည့်  သူဟာ အထက်ပုဂ္ဂိုလ်မှန်း လုံးဝသိသာနေတာကို အတင်းကို အောက်ကိုတွန်းပို့နေလေရဲ့ ။ သူ့အပိုင်လေးကို ဘယ်နေရာကြည့်ပြီးများ အထက်ပုဂ္ဂိုလ်ဘဝသို့ တွန်းပို့နေလဲ သူလုံးဝနားမလည်တော့ ။

ဒီလောက် Gentleman ဆန်လွန်းသောသူ့ကို အောက်ပုဂ္ဂိုလ်ထားပြီး လုံးဝ cuttiesဆန်သော သူ့အပိုင်လေးကို  အထက်ပုဂ္ဂိုလ်ထားသတဲ့ ။ လုံးဝ သောက်သုံးတစ်စက်မှ မကျသော page .page nameကကို ဘာတဲ့ welcome to dark world of taekook& yoonmin တဲ့ ။  page adminကတော့ လုံးဝကို သောက်ပိန်း ။

စိတ်တိုတိုဖြင့် သူလည်း comment ဝင်ရေးပြစ်လိုက်သည် ။ငါဟဲ့  ဂျွန်ဂျောင်ဂု ။ ဂျောင်ဂုကို ဒီလို လာလုပ်ဘယ်ရပါ့မလဲ ။

"ဒယ်ဒီဂုဂီ ဘာဖြစ်နေတာလဲဟင် တစ်ယောက်ထဲ မဲ့လိုက်ရွဲ့လိုက်နဲ့ ရူးများနေပြီလားမသိ....."

ထအော်ပြီးကတည်းက သူကြည့်နေတာ တော်တော်ကြာပြီ ။ ဖုန်းကိုကြည့်ပြီး ဘာတွေရေရွတ်လို့နေလဲမသိ။ ရေရွတ်ယုံမက မျက်နှာကလည်း မဲ့လိုက်ရွဲ့လိုက်နဲ့ ။ ကြည့်နေရတဲ့သူမှာတောင် ရူးချင်ချင်ဖြစ်လာပြီ ။

တစ်ခါတစ်လေ ဒယ်ဒီဂုဂီဟာ ယဉ်ယဉ်လေးနဲ့များရူးနေလေသလား ။ အွန်း ရုပ်ကြည့်ကောင်းတဲ့လူတိုင်းက နဲနဲတော့ ရူးကြပါလား ။ ဒီက ထယ်ယောင်းလေးကပဲ စိတ်ထားပြည့်ဝစွာနဲ့ပင် ရူးခွင့်လေးနဲနဲတော့ပေးလိုက်ပါ့မယ် ။

❤️Innocent ❤️Where stories live. Discover now