*6*

2.3K 186 16
                                    


(Uni Ver..)
မနက်မိုးလင်းတော့ အရင်ဆုံး နိုးလာသူကတော့ ဂျောင်ဂုပင် ။

သူ့အပိုင်လေးကတော့ ဂျောင်ဂုလက်မောင်းထက် အိပ်စက်ကာ အိပ်မက်ကမ္ဘာလေးထဲ ရွက်လွင့်လို့ကောင်းနေဆဲ ထင်ပါ့ ။

အိပ်နေရင်းနဲ့လဲ ဂျောင်ဂုရဲ့ အင်္ကျီစကို လက်သေးသေးဖြင့် စုပ်ကိုင်ထားလျက်။ နှုတ်ခမ်းကလည်း ဆူထော်ထားသည့်အတွက် အိပ်မက်ထဲမှာများ  သူ့ကို ရန်တွေ့နေသလား မသိပါ ။

ကြည့်ရင်းကြည့်ရင်းဖြင့် ကြည့်မဝဖြစ်လာသည့် အလှတရားလေးက သူ့အပိုင်လေးမှန်း သိလာတော့ ဒီကမ္ဘာမှာ သူ့လောက်ကံကောင်းမည့်သူ ရှိပါအုံးမလား ။

ကြည့်နေရင်း ရုတ်တရက်ပြတင်းပေါက်မှ တကျီကျီအော်လာသော ငှက်တွေကြောင့် ဂျောင်ဂုမျက်ခုံးကျုံ့မိပြီး သူ့အပိုင်လေးရဲ့နားကို လက်ဖြင့် အုပ်ထားပေးလိုက်သည် ။ တော်နေကြာ သူ့အပိုင်လေး အိပ်ရေးမဝတော့မှဖြင့် ။

ဆံပင်လေးက နဖူးပေါ်ကျနေသည်မို့ သပ်သင်ပေးရင်း နဖူးထက်အနမ်းတစ်ပွင့်ပါ ခြွေချလိုက်သည် ။

ခုလိုချစ်ရတဲ့သူလေးနဲ့ မနက်ခင်းအတူတူ နိုးထလာရခြင်းက ကြည်နူးဖွယ်အတိ ။

များပြားလှစွာသော ပျိုမဒီတွေသူ့ကို အထာပေးလမ်းခင်းကြပေမယ့် ဂျောင်ဂုသည် လုံးဝစိတ်ဝင်စားခြင်း ရှိမနေခဲ့ ။

ခုတော့ဖြင့် အသက်သိပ်ကွာသော ကောင်လေးနဲ့မှ ဂျောင်ဂုနှလုံးသားက သူမှသူ ဖြစ်လို့နေလေရဲ့ ။

ရင်ခွင်ထဲမှ သူ့အပိုင်လေးက ချစ်ဖို့ကောင်းလောက်အောင်ကို ဟောက်သံပိစိလေး ထွက်နေလေသည် ။ အူယားလွန်းလို့ ကိုက်စားလိုက်ရင် သူ့အပိုင်လေးတော့ နာတော့မှာပင် ။

လက်မောင်းကကြာလာတော့ ကျဉ်လာပေမယ့်လည်း သူ့အပိုင်လေးနိုးလာမှာစိုးသည့်အတွက် တောင့်ခံထားရသည် ။ သူ့အပိုင်လေး၏ မျက်နှာကို ငေးကြည့်နေတုန်း အကြောလေးဆန့်ကာ  မျက်လုံးပွင့်လာသည် ။

"Morning ကိုယ့်အပိုင်လေး....."

"အပိုင်လေးဆိုတာ ဘာကိုပြောတာလဲဟင် ...."

❤️Innocent ❤️Where stories live. Discover now