Part 1🍂Unicode

7.9K 420 2
                                    

ရက်တွေ လတွေလည်း အလီလီ
ကျွန်တော်လည်း တစ်နှစ်ထက် တစ်နှစ်
အသက်ကြီးလာပြီပေါ့ဗျာ အဟဲ

အခုတော့ ဆောင်းဦးပိုင်းပေါ့
ဆောင်းဦးရဲ့ လေပြေအေးအေးလေးတွေကြား
အနွေးထည် မထူမပါးလေးနဲ့
နေရောင်ခြည်လေးကို
မျက်လုံး စုံမှိတ်ပြီး ခံစားနေတာ
အသက်၁၈နှစ် အရွယ်Park Jiminပေါ့...

"အမိမြေမှာ ရှိတုန်းလေ အမိနိုင်ငံရဲ့
နေရောင်ခြည် လေထု ပတ်ဝန်းကျင်
အလှတရား အားလုံးကို လိုက်ပြီး ခံစားထားမှ တော်ရာကျမယ် ဟူးးးးးးး"

ထောက်ထားတဲ့ စက်ဘ်ီးလေးကို ယူလိုက်ပြီး
အိမ်ကို ပြန်ဖို့ပြင်လိုက်တယ်
လမ်းတစ်လျှောက်က သဘာဝကြီးကိုလည်း ရှုစားဦးမှ

ပြီးရင် အပြန်လမ်းက စာကြည့်တိုက်လေးထဲလည်း ဝင်ဦးမှာ စိတ်ငြိမ်ရာလေးဆီ သွားရဦးမယ်လေ

"နိုင်ငံခြားသာသွားရင် စိတ်ငြိမ်ရာလေးကို
လွမ်းရဦးမှာဘဲ လွမ်းရတဲ့ဆိုတဲ့အရာကြီးကို မုန်းလိုက်တာ ဟွန့် "

~~~

Jiminက ဒီရပ်ကွက်လေးမှာ နေလာတာ ၅နှစ်လောက်ရှိပြီ ဖြစ်သည်
မွေးရပ်မြေ ဘူဆန်ကနေ ဆိုးလ်ကို လိုက်လာခြင်း
အဖေရဲ့စီးပွားရေးလေးက မဆိုးဘူး ပြောရမယ်
အထည်Companyတစ်ခုပေါ့
ရိုးရာဆေးဆိုးပန်းရိုက် အထည်ကိုသာ အသုံးပြုပြီး ဖန်တီးတတ်တဲ့ အမေစိတ်ကူးနဲ့အဖေရယ် ပါရမီလေးကြောင့်
တဖြည်းဖြည်း နာမည်ရလာပြီး
ဆိုးလ်ထိ နယ်ချဲ့လာတာပေါ့

ကျွန်တော်ကို အခုအထက်တန်းကျောင်းတက်ပြီးစလေ
အောင်တာလည်း အမှတ်ကလေး မဆိုးတော့ နိုင်ငံခြားကို ပညာသင်သွားဖို့ စီစဉ်နေသည်

"မေကြီး သားပြန်ရောက်ပြီနော်"

မီးဖိုချောင်မှာ သေချာပေါက်ရှိမည်ကို သိ၍ လှမ်းအော်ပြောခြင်း ကျွန်တော်ကတော့ အခုထိ အိမ်ထဲမရောက်သေး

"အင်း ပြန်လာလည်း ခဏနား ရေချိုး
၁နာရီလောက်နေရင် မင်းဖေကြီး
ပြန်လာတော့မှာ ထမင်းစားစို့လေ"

"ဟွန့် မေကြီးကလည်းနော် အမြဲထမင်းစားစောကြတယ် တကယ်ပါဘဲ အခုချိန်လောက် စားလိုက်ရင် သားက ၁၀နာရီလောက်ကျ တစ်ထပ်ဆာရော "

~🍂 The Way We Met 🍂~(Complete)Where stories live. Discover now