Part 27🍂Unicode

2K 182 2
                                        

ရာသီတွေ ကုန်လွန်လာပြီမို့
ကျွန်တော်တို့ ပညာသင်ခြင်းသည်လည်း
တဖြည်းဖြည်း ဘွဲ့ယူရန် နီးစပ်လာလေပြီ.....

ကျောင်းသားဘဝက အလုံးစုံအကုန်သိခဲ့ရပါတယ်
လူငယ်ပီပီ သိချင်စိတ် စူးစမ်းချင်စိတ်တွေ တအားများသည့်အလျောက် ၄ယောက်သား
အတူတူ စူးစမ်းခဲ့သည်။
စိတ်ချ !
ကျွန်တော်တို့၂ယောက်ရဲ့မေတ္တာလည်း
တအား အလင်းဖြာခဲ့ပါတယ်
သို့သော်
အကြီး၂ယောက်ကို လိုက်ထိန်းခဲ့ရသည်က
ကျွန်တော်နှင့် ပန်းချီဆရာ
ယခုတော့ ကျွန်တော်တို့ထက် အရင် ဘွဲ့ယူကာ
ဘဝအတွက်လျှောက်လှမ်းနေကြလေပြီ
ကျွန်တော်တို့ထင်ထားသည့်ထက်
ပိုချစ်ကာ တစ်ယောက်အကြောင်း
တစ်ယောက် နားလည်မှုအရှိဆုံးဖြစ်သည့် သူတို့!

'ငါ့ခံစားချက်တွေကို မသိချင်ယောင်ဆောင်ခဲ့လို့
တစ်သက်တာထဲကနေ ချစ်ရတဲ့နှစ် ၂နှစ်က နောက်ကျခဲ့တာ 'ဟု TaeHyung Hyungက အမြဲဆိုတတ်သည်။
စာအမြဲဖတ်တဲ့သူမို့ထင် စကားကို စိတ်လှုပ်ရှားအောင် အမြဲပြောသည့် စီနီယာပါ။
ထိုစကားတွေကိုလည်း
အမောင်Jeon Jungkookက ကျောင်းတက်သည့် ကာလပတ်လုံး ဆည်းပူးလာခဲ့မှာ ဧကန်မုချ။

ယခုတော့ ဘွဲ့ယူနိုင်ဖို့အရေး ကျွန်တော်တို့က ကြိုးစားလို့ ပြီးလုနီးပါး.....။

စီနီယာတို့ မရှိစဉ်ကတည်းက ကျွန်တော်တို့၂ယောက်တည်းသာ အခန်းအား အပိုင်စီးထားမိသည်။
စာကြည့်နေရင်းလည်း အားဖြည့်ပေးဖို့ ပြောသည်...
စာမေးပွဲဖြေရသည့်မနက်ပိုင်းတိုင်းတွင်လည်း အားဖြည့်ဖို့ ပြောသည်...
အဖျားဝင်သည့် အခါတိုင်းလည်း အနားကပ်စေရန် ချွဲတတ်သည်...
သဝန်တိုလွန်းလို့ဟုဆို၍လည်း သူအား
စိတ်မရှုပ်ရန် ပြောမြဲ....။
ဒါတွေက ကျွန်တော်လုပ်ခဲ့ခြင်းမဟုတ်
ကျွန်တော်ထက်အရင် ချစ်ခဲ့သည်မဟုတ်ပေမယ့် ကျွန်တော်ထက် မလျော့သော ချစ်ခြင်းဖြင့် ချစ်သည်ဆိုသော ပန်းချီဆရာသည်သာ

"မူပိုင်....ကိုယ် ပင်ပန်းပေါ့"

"နားတော့လေ ဒါလေးပြီး......"

"အခုအိပ်စို့"

"Jungkook~ka ခဏလေးတင်ကို ၅မိနစ် ၅မိနစ်ဘဲနော် ခဏလေး"

~🍂 The Way We Met 🍂~(Complete)Where stories live. Discover now