Part 14🍂Unicode

2.2K 215 1
                                    

"ရပြီ Jungkook အပေါ်ယံထိမိတာပါ ဆေးထည့်လိုက်ပြီ"

"ကျေးဇူးHyung"

"လိုသလားကွာ အဲ့စကားက "

"Hyung......."

"အင်း"

"Jimin....Jiminကို....."

"အင်း Jiminကဘာလို့"

"ကျွန်တော့်လက်ထဲ အပ်ပေးလို့ရမလားဗျ?"

"Holy S**t....တကယ်ကြီးပြောနေတာလားBro.."

"ကျွန်တော်ထင်တာ တွေးမိတာက..."

"......"

"ကျွန်တော်နဲ့သာဆို သူပိုပြီး အဆင်ပြေမယ် ပွင့်လင်းမယ်  သက်သာလွယ်မယ်ထင်တယ်"

"မင်းကကျရော"

"ဘာကိုလဲ Hyung"

"သူနဲ့ဆို မင်းကရော ဘယ်လိုလဲမေးတာ ရေခဲတုံး"

"သူနဲ့သာဆို ကျွန်တော်လည်း
စိတ်ရှည်မယ် နေနိုင်မယ်
သူနဲ့သာဆို ကျွန်တော်လည်း....ကျွန်တော် ခံစားတတ်လာမယ် ထင်တယ်...."

"အချစ်က ထူးဆန်းတာ မင်းယုံပြီလား?"

"ခံစားတတ်လာမယ် ထင်ရုံပါ"

"အဲလိုတွေးနေကတည်းက မင်းသူကို ဒီတိုင်းပစ်မထားရက်တဲ့ ဂရုဏာစိတ်ကြောင့်လေ
ချစ်တယ် ဆိုတဲ့အရာတိုင်းက ချစ်စိတ်ကအခြေခံတာချည်းဘဲ မဟုတ်ဘူး ငါ့ည်ီ
ဂရုဏာ ဒေါသ အမုန်း မနာလိုတာ စသဖြင့်ပေါ့ကွာ
အဲ့ကနေလည်း ဆင်းသက်လာနိုင်တာက
အချစ်လေ... အချစ်...."

"ကျေးဇူး......
ကျွန်တော် စကားရှည်ကြီးတွေ
မပြောတတ်ဘူး ပြန်မဖြေတတ်ဘူး"

"ငါနဲ့မလို့ပါ ငါနဲ့မလို့"

"အိမ်မှာလည်း အဲလိုပါဘဲ"

"မင်းဟာလေးနဲ့ကျ အဲလိုမဟုတ်ဘူးလေ ကိုယ့်ကိုကိုယ်သိစမ်း"

"......."

"go လူနာရှင် ဆေးရုံးဆင်းဖို့ ကိစ္စ ငါကိုင်တွယ်ရဦးမယ် စဉ်းစားရဦးမယ်"

"၁နာရီ"

"ဘာတုန်းဟ"

"စဉ်းစားဖို့ ၁နာရီ
အခ်ျိန်ရမယ်လို့ပြောတာ  သွားပြီ"

"ငလူးလေး အကြီးကိုများ မရိုသေတာ..."

🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂

~🍂 The Way We Met 🍂~(Complete)Where stories live. Discover now