Part 18🍂Zawgyi

947 53 0
                                        

"ဟင် ဘာလို့လဲလို့"

"သဘောကျတာဘဲ အကြောင်းပြချက်က ပေးရဦးမှာလား?"

"သိချင်တာလေဗျာ"

ကလေးဆန်ဆန် ဆုပ်ကိုင်ထားသော
လက်လေးများကို ဘယ်ညာလွှဲကာ မေးနေတော့သည်

"တကယ်မသိဘူး
မြင်မြင်ချင်းကတည်းက သတိထားမိတာလည်း
ဒီမျက်ဝန်းဝိုင်းဝိုင်းတွေဘဲလေ"

ခေါင်းငုံ့ထားရာမှ အကြည့်ချင်းဆုံမိ၏ !!!!

"Jungkookက စတွေ့ကတည်းက Maskတပ်ထားတယ်
ဒါမဲ့ ပန်းချီကားကို တွေ့ဖူးထားတော့ မျက်ဝန်းတွေက ဆင်တူနေပါ့လား တွေးမိတယ်

တစ်မျက်နှာလုံးမှာ စမြင်ခဲ့ရတဲ့ အစိတ်အပိုင်းမို့ထင်ပါတယ်
Jungkookရဲ့ မျက်ဝန်းဝိုင်းဝိုင်းတွေကို ကိုယ်သဘောကျတယ်....."

"...အင်း..... ပြီးတော့ရော....
အကုန် အကုန်သိချင်တာ ပြောပြပေး..."

"ဒီမှဲ့...ပန်းချီကားမှာလည်း သေချာမြင်ဖြစ်အောင်
မြင်လိုက်တယ်"

"တော်လိုက်တာ.....
လူတိုင်းက ဆေးစက်ချတယ်ဘဲ ထင်ကြတာ "

"ဒီအမာရွတ်လေးကရော အရင်ကတည်းက ရှိတာမလား?"

အမာရွတ်လေးအား တို့ထိရင်း မေးသည်

"ဟုတ်ပါ့ဗျာ"

"ဒီpiercingတွေ... အမြင်ကတ်စရာ"

"ဘာဆိုင်တုန်းဗျ"

"ပန်းချီကားထဲကလို ခန့်ညားနေမလား သိချင်ခဲ့တာ
တကယ်တော့ ကလေးသာသာဘဲ"

"ခဏ ကျွန်တော် ရယ်ပါရစေ"ဟုဆိုကာ ၂ယောက်သား အားရပါးရ ရယ်မောမိသည်

**Jungkookက ရယ်ရင် ပိုကလေးဆန်တယ်**

**Jiminရော တအားလှတာ သိတယ်မလား**

စိတ်ထဲတွင် တွေးနေမိကြသော အတွေးလေးတစ်ခုစီ

"ကလေးဆန်နေလည်း
အားကိုးချင်ရင် ဖြစ်နေပါပြီ မှီခိုရပြီ"

"....ဟင် အင်း ဒါပေါ့ လသာဆောင်ဆို လိုက်ပို့ဦးလေ"

"ဒီအခန်းကလည်း လူတိုင်းဝင်မရဘူးနော်.."

"......"

"မပို့ဘူး....လသာဆောင်"

"Jungkook အဲလိုလုပ်လေ ကလေးဆန်လေဘဲ
ကိုယ့်ဘာသာ သွားလည်းရပါ့ နေပေါ့"

~🍂 The Way We Met 🍂~(Complete)Where stories live. Discover now