Part 26🍂Unicode

2K 191 2
                                        

JM "စီနီယာက.... လျှောက်ပြောနေတယ် ကျွန်တော်တို့ အဲ့နေ့က စာထိုင်ဖတ်တာပါ ဖတ်နေပါသေးတယ်
စိတ်လည်းမဆိုး စိတ်လည်းမကောက်ပါဘူး"

Tae "ငါကလည်း သဝန်တိုတယ်လို့ ပြောတာပါ ကောင်လေးတို့..."

JM "အာ...."

Hobi "ကလေးတွေရှက်နေပြီ တော်! ဟားဟား"

ဒီလိုနဲ့ သောက်ရင်းစားရင်း စကားပြောရင်း
စီနီယာတွေနဲ့ ရင်းနှီးမှုရယူခဲ့သည်
ကျောင်းစတက်သည့်ရက်ကတည်းက
အကဲပိုသည့် Jeon Jungkookတစ်ယောက်
Majorမတူဘဲ ကျွန်တော်တို့အခန်းဆီ အားသည့်အချိန်တိုင်း ရောက်ရောက်လာတတ်သည်
စီနီယာ Taehyungနှင့် majorတူသည်မို့
သူလာတိုင်း စီနီယာပါ ခေါ်ခေါ်လာပုံ
ဒီလိုလာနေတာ အချိန်တစ်ခုရှိလေပြီ

"ပန်းချီဆရာ! အတန်းချိန်တွေ မတူဘဲ ဘာလို့ စီနီယာကို ခေါ်လာပြန်တာ?"

"လိုက်ချင်တယ်ဆိုလို့"

"အင်း ဟုတ်တယ်"

ဒီရောက်မှ တစ်ခုသိရသည်က
စီနီယာTaehyungနှင့်Jungkookက
အတွေးတော်တော်တူတတ်သည်...
၂ယောက်လုံးစိတ်ကလည်း ခန့်မှန်းလို့ရသည်မဟုတ်
ငြိမ်မယ်ထင်ရပေမယ့် တအားလှုပ်သည့် ၂ယောက်အခုတော့  သူငယ်ချင်းလိုဘဲ
အမြဲသွားလာနေသည်
Jungkookရဲ့ ဒီလိုပုံတွေ မြင်ရတာ
ကျွန်တော် တအားသဘောကျမိသည်
အခုဆို လူတိုင်းကို စိမ်းမနေဘူးလေ.....

"Jimin အတန်းကရှိသေးလား?"

"ရှိသေးတယ်လေ ပန်းချီဆရာရာ"

"ကိုယ်တို့ရော ဝင်တက်မယ်လေ ဒါဆို"

"ဟာ! ဘာလုပ်မှာ လူတအားရှုပ်တယ်"

"ငါကတော့ Hoseokနဲ့ ကန်တင်းက စောင့်မယ် ငါ့ကောင်တို့"

"OKI စီနီယာ"

"......"

Jungkookတစ်ယောက်ကိုတော့  ကျွန်တော်ရဲ့
သက်ဆိုင်သူ စေ့စပ်ထားမှန်းသာ မသိရင်နေမည်
ကျွန်တော်နှင့် ပတ်သက်နေမှန်း အတန်းထဲကလူများသိသည်.....
Jungkookလာတိုင်း  မျက်စိတစ်ဆုံး လိုက်ကြည့်တတ်သည်

အခုတော့ ကိုယ်တော်ချောက အတန်းထဲထိသို့......

"WOWW "
"အား....."
"ပေါ်တင်ကြီးပေါ့လေ" စသဖြင့်အော်သံအချို့

~🍂 The Way We Met 🍂~(Complete)Where stories live. Discover now