Part 6🍂Zawgyi

1.4K 69 3
                                    

ကျောင်းကိုလည်း ဖေကြီးကိုယ်တိုင် သေချာလိုက်အပ်နှံပေးသည်
ဖေကြီးအသိ ပါမောက္ခတစ်ဦးနှင့်ပင်ရင်းနှီးခဲ့သည်
တော်သေး.....
ကျွန်တော်တက်ရောက်ရမည့် Minor Majorကဆရာဖြစ်နေသည်

ကျောင်းကလည်းနီးတော့ စက်ဘီးလေးနှင့်ဘဲသွားလာသည်
အိမ်နေရာသည်ကား အမိမြေက လမ်းတစ်လျှောက်လိုပင် အပင်များနှင့် စိမ်းလန်းနေဆဲ
ကုန်းမြင့်နေရာလေး၌လည်း ရှိသည်
လေအေးအေးလေးသည်လည်း တိုက်ခတ်နေပြန်
မကြာခင် နွေဦးတောင်ရောက်တော့မည်လေ
သစ်ရွက်သစ်ဖတ်လေးများပင်
နွေဦးကို ကြိုဆိုဖို့
ကြွေကျချင်ယောင်ယောင်
ကျွန်တော်အတွက် အေးချမ်းသည်
နေရတာ အဆင်ပြေသည်
ကျွန်တော့်မျက်စိ ကြည်စေသည်ထက်
အမိမြေမှာ နေရသလိုပင် ခံစားရစေသည်မို့

🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂

ဒီခေတ်ကြီးနဲ့ ကြုံရတာ
သိပ်တော့ အဆင်မပြေလှဘူး
ကိုဗစ်က အခုထိ မပျောက်ကွယ်သွားသေး
အမြဲလက်ဆေးနေရ အမြဲMaskတပ်နေရသည်
လူထူထပ်ရင်လည်း ကျွန်တော် မသွားရဲပြန်ဘူး
အစစ အရာရာဂရုစိုက်နေရသည်
သရဲတစ္ဆေရယ် သူခိုး လူမိုက်ရယ်
ဆိုသည်က မြင်ရသေး
ဒီရောဂါက မြင်ရတာမဟုတ်
ကူးစက်သွားရင်တော့ Goပြီဘဲ...

~~~~~~~~~

ကျောင်းဝန်းက တအားကျယ်သည်
အပင်တွေကို အများကြီးမြင်လေ ကျွန်တော်ထခုန်ချင်လေ
ခေတ်မှီတိုးတက်သော နိုင်ငံဖြစ်သော်ငြားလည်း
ကျောင်းသားတော်တော်များသည် ကိုယ်ပိုင်စက်ဘီးလေးများဖြင့်သာ
ယခုထိ တက္ကသိုလ်တက်နေသည်ဟု မယုံချင်သေး
အားလုံး၏ စိတ်ထဲတွင်
လွတ်လွတ်လပ်လပ်နဲ့ အထက်တန်းကျောင်းသားသဖွယ် ပေါ့ပါးနေသား

ပထမဆုံးကျောင်းတက်ရက်က မဆိုးဘူးပြောရမည်
ကိုရီးယားလူမျိုး တအားပေါနေတော့
ကျွန်တော်အတွက် ရင်းနှီးမှုပိုရလွယ်သည်
လူမျိုးပေါင်းစုံပါဘဲဗျာ
တစ်ယောက်တစ်မျိုးစီလေးတွေနဲ့ ချစ်ဖို့ခင်ဖို့ကောင်းကြပါသည်......

"Hey.... Dimin"

"No..No Jimin...J...I..M..I..N..."

"Ohh...Jimin... Sorry for my mistake...."

"It'OK...
Why did you call me?? "
(ရပါတယ် .....ဘာလို့ ငါကို ခေါ်တာလဲ??)

"Nothing...I'm Just take a photo of this  view ,Suddenly you're here....
Look at this......So. humm...You're so perfect with this view"
(ဘာရယ်ဟုတ်ပါဘူး ငါကဒီတိုင်း ဒီမြင်ကွင်းကို ဓာတ်ပုံရိုက်နေတာ မင်းကရုတ်တရက် ရောက်ချလာတယ်လေ...ဒီမယ်ကြည့်.....humm..
မင်းက ဒီရှုခင်းနဲ့ တအားလိုက်ဖက်နေတယ်.. )

~🍂 The Way We Met 🍂~(Complete)Where stories live. Discover now