Part 4🍂Unicode

3.1K 306 3
                                    

Park Jiminတစ်ယောက်တော့
အိမ်ကြီးဆီ သွားရတော့မယ် ဟူ၍ အူမြူးနေလေသည်...
ရေလေး ဇိမ်ခံချိုးလိုက် သီချင်းလေး ငြီးလိုက်နှင့်
နာရီဝက်လောက်ကြာတော့ သူအဆင်သင့်ဖြစ်နေလေပြီ

"မေကြီးရေ မေကြီး သွားစို့လေ နောက်ကျရင် မကောင်းဘူး"

"အေးပါဟယ် မင်းအဖေကို ဆေးထုတ်ပေးနေလို့ပါ"

" ဟာ သွားသွား သားပျိုလေးရှေ့ကို တအားအကဲပိုတာဘဲ ဆေးများ ကိုယ့်ဘာသာထုတ်သောက်ပေါ့ ဖေကြီးရ " ဟူ၍ အခန်းထဲက သူ့အဖေကိုလှမ်းအော်ကာ အိမ်ရှေ့ကို ပြေးထွက်သွားသည်

~~~~~~

"မေကြီး bellတီးလေဗျာ"

"တီးနေတယ်လေ သားရယ် "

"မကြားသေးဘူးထင်တယ် ထပ်တီး"

သားအမိ၂ယောက် စကားပြောနေစဉ် တံခါးပွင့်လာသည်။အန်တီပင်....

"လာလာ အစ်မ Jimimလေးလာ
မျှော်နေတာ မလာတော့ဘူးထင်နေတာ"

"လာရမှာပေါ့ အန်တီကလည်း  ကျွန်တော် ရေထပ်ချိုးနေလို့ ကြာသွားတာ ဟဲဟဲ "

"ဟုတ်ပါပြီရှင်"

စကားပြောရင်ပင် အိမ်ထဲဝင်လာသည်
အန်တီက တကယ်ကို လှတာ ကျက်သရေရှိချက်
ဝတ်ထားသည်မှာ ဖဲဂါဝန် ပန်းရောင်နုနုကို Fitဖြစ်တယ်ဆိုရုံလောက်  ကြပ်သည့် ဒူးအထိရှည်သည်
အသက်အရွယ်ကို ပိုနုစေသည်
တကယ်လည်း ငယ်ဦးမယ် ထင်သည် မေကြီးထက်ပေါ့....

"သားလေး Jimin ထိုင်  ဘယ်နားနေနေ ထိုင်ရတယ်သိလား ကိုယ့်အိမ်လိုဘဲ လွတ်လွတ်လပ်လပ်နေ အစ်မရော ထိုင် ကျွန်မလက်ရာတွေ  အဝကျွေးမယ်"

ကျွန်တော် စကားမပြန်နိုင်အား
အိမ်ကြီးက ငေးမောနေရသည် ဖေကြီးပြောသလို တကယ် တောက်ပြောင်နေတာဘဲ အတွင်းပိုင်းက မထင်ရဘူးဘဲ အပြင်ကကြည့်ရင်  အိမ်ဟောင်းကြီးတစ်လုံးဘဲ သို့သော် အတွင်းကတော့ တဖိတ်ဖိတ်တောက်ပြောင်နေသည်
ပရိဘောဂတွေ၊ ကြောင်လိမ်လှေကား၊  မျက်နှာချပ်က အလှမီးသီးတွေ၊မီးအိမ်တွေ အလှပန်းအိုးတွေ အကုန် အကုန်လုံးက တောက်ပြောင်နေသည်
ရှေးဟောင်း နာရီကြီးတစ်ခုလည်းရှိသည် သိုသော် သူမြင်တွေ့ချင်သော ပန်းချီကားအားမတွေ့ရ.....

~🍂 The Way We Met 🍂~(Complete)Where stories live. Discover now