🍀 အပိုင်း 1 🍀

45.7K 690 1
                                    

Unicode:

အမုန်းများရဲ့ အလွန် ~
🍀 အပိုင်း 1 🍀

ရန်ကုန်မြို့ရှိ Novotel Hotel Ballroom တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပနေသော စီးပွားရေးလုပ်ငန်းရှင်များရဲ့  လေလံပွဲတစ်ပွဲ .....

ဒီတစ်ခေါက်ခေါ်မည့် လေလံက ခန်းမထဲ
တွင်ရှိနေသော လူအားလုံး စိတ်၀င်စားနေသော အရာဖြစ်သည်....ထို့အတွက်
ကြောင့် ခန်းမကျယ်ကြီးထဲ လူအပြည့်ရှိနေသော်လည်း အပ်ကျသံပင် ကြားရလောက်တဲ့အထိ ငြိမ်သက်မှုကကြီးစိုးနေသည်....

"ဟုတ်ကဲ့.... အခုကျွန်တော်တို့ လေလံပွဲ
ကနေနောက်ဆုံးမိတ်ဆက်ပေးမယ့် လေလံပစ္စည်းကတော့ သီလ၀ါဆိပ်ကမ်း
နားမှာ တည်ရှိတဲ့ မြေနေရာ 10 ဧက တိတိကျယ်၀န်းတဲ့ မြေကွက်ပဲ ဖြစ်ပါတယ်....

အဆိုပါ မြေကွက်ဟာဆိုရင်သီလ၀ါဆိပ်ကမ်းနဲ့လဲ နီးသည့်အတွက်
မိမိတို့ပစ္စည်းတွေ သိုလှောင်ဖို့ ဂိုဒေါင်အနေနဲ့ သင့်တော်သလိုမျိုး အိမ်ရာစီမံကိန်း Project တွေအတွက်လဲ အဆင်ပြေပါတယ်.... ဘာမှ မလုပ်ချင်ဘူး
ဆိုပြီး ဒီအတိုင်းထားထားလဲ တစ်ရက်ပြီး တစ်ရက် တန်ဖိုးတက်လာမယ့် ရွှေလို နေရာမျိုးပဲဖြစ်ပါတယ်.....

ဟုတ်ကဲ့အဲ့တာဆို အဆိုပါမြေကွက်ကို
လေလံစျေး မြန်မာငွေ သိန်း ၁၀၀၀၀ နဲ့
စတင်ပါပြီဗျ..... "

"သိန်း ၁၁၀၀၀"

"ဟုတ်ကဲ့ အာကာမြင့်မိုရ်ကုမ္ပဏီက သိန်း ၁၁၀၀၀ ပေးထားပါတယ်ဗျ "

သိန်း ၁၂၀၀၀ .... ၁၅၀၀၀ .... ၁၈၀၀၀
..... သိန်း ၂၀၀၀၀ .....

"ဟုတ်ကဲ့ နိုင် မိသားစုက သိန်း ၂၀၀၀၀
ပေးထားပါတယ်ဗျ.... နောက်ထပ် ပိုပေးနိုင်တဲ့ သူများရှိသေးလားမသိ "

"သိန်း ၃၀၀၀၀ "

ပုံရိပ်အသံလေးက ခန်းမကျယ်ကြီးထဲ ကျယ်လောင်စွာ ပေါ်ထွက်လာသည်....

"ဟုတ်ကဲ့ "Htin" Group ကတော့
သိန်း ၃သောင်း ပေးထားပါတယ်
ခင်ဗျ .... ပိုပေးချင်တဲ့သူ ရှိလားမသိဘူး
....ကျွန်တော်တို့က ဒီလေလံပွဲကို တိုက်ရိုက် ထုတ်လွှင့်နေတာမို့ ဒီခန်းမထဲက မဟုတ်လဲ ဖုန်းနဲ့ လှမ်းပြီး ဆက်သွယ်လို့ရပါတယ်ဗျ....."

🍀 အမုန်းများရဲ့ အလွန် 🍀Where stories live. Discover now