🍀 အပိုင်း 21 🍀

15K 373 1
                                    

Unicode:

အမုန်းများရဲ့ အလွန်~

🍀 အပိုင်း 21 🍀

ကလေး၂ယောက်ကို ညနေမစောင်းခင်ရေချိုးပေးထားပြီး သနပ်ခါးလိမ်းပေးရန်
Sofa ခုံပုလေးပေါ်တွင် မောင်နှမ
၂ယောက်အား ငြိမ်ငြိမ်ထိုင်ခိုင်းထားပြီး
ပုံရိပ်ကတော့ သနပ်ခါးသွေးနေသည်....

နေ့ရက်ကတော့ ရေချိုးနေပြီ ဖြစ်သည်...
သူတို့သားအဖတွေအကုန်ပြင်ဆင်ပြီးတော့မှ ပုံရိပ်က အေးဆေးလုပ်ရတော့
မည်ဖြစ်သည်.....

သနပ်ခါးလေးတွေ ညီညီညာညာလူးပေး
ပြီး မောင်နှမ ၂ယောက်လုံးကို ပါးပေါ်တွင်
ပါးကွက်၀ိုင်း၀ိုင်းလေးတွေ အတူတူ ၀ိုင်းပေးလိုက်သည်.....

ပြီးတော့ အိမ်ကနေယူလာတဲ့ baby lotion လေးကို ​လက်လေးတွေ
ခြေထောက်လေးတွေ နဲ့ ကိုယ်လုံးလေးကိုအနှံ့လူးပေးလိုက်သောအခါ ကလေး ၂ယောက်လုံးရဲ့ အနံ့လေးတွေက စတော်ဘယ်ရီ နို့ပူတင်းလေးတွေလို သင်းသင်းလေးမွှေးနေသည် .....

ထို့နောက် Size ရယ် အရောင်ရယ်ပဲ ကွာသည့် ၀က်၀ံရုပ်လေးတွေပါသည့် pajama ဆင်တူလေးတွေကို မောင်နှမ
၂ယောက်အား ၀တ်ပေးလိုက်သည်...သားက အ၀ါရောင်လေး .... သမီးက အပြာလေးနဲ့ ၂ယောက်လုံး ချစ်စရာလေးတွေ....

~~~~~

"မြေး .... မြေးမလေး ပန်းကန်ထဲလဲ
ဟင်းတွေ ထည့်ပေးလိုက်ဦးလေ...."

"ရပါပြီ ဖွားရဲ့ သမီး ပန်းကန်ထဲ ဟင်းတွေ အများကြီး ဖြစ်နေပြီ "

"ဖွားချက်တဲ့ ဒီ၀က်သားအစပ်ချက်လေး မြေးမလေး ကြိုက်တယ်မလား....များများထည့်စား မြေး ဘာလုပ်နေတာလဲ ထည့်ပေးလိုက်လေ ..."

နေ့ရက်က ပန်းကန်ထဲမှ ၀က်သား အသားတုံး တစ်တုံးကို ခပ်ပြီး ထည့်ပေးတော့...

"တော်ပြီရယ်.... အများကြီး ဖြစ်နေပြီ ထပ်မထည့်နဲ့တော့ ကို "

"အများကြီးစားပါ ​ကလေးရယ်.... တစ်နှစ်နေမှ တစ်ခေါက် ရောက်ဖြစ်တာလဲ မဟုတ်ဘူး......ရောက်တုန်းရောက်ခိုက်လေး ကြီးကြီးတို့က ကျွေးရတာ..... ဒီ ငါး
ကလေ ကြီးကြီးတို့ ဒီမှာ အရမ်းရှားတာ
သိလား .... စားကြည့်ကလေး အရမ်းကောင်းတယ် "

🍀 အမုန်းများရဲ့ အလွန် 🍀Where stories live. Discover now