🍀 အပိုင်း 23 🍀

13.3K 374 6
                                    

Unicode:

အမုန်းများရဲ့ အလွန်~

🍀 အပိုင်း 23 🍀

"ထင် ..... ကိုယ်ပါ "

ပုံရိပ် ဖုန်းကို သေချာပြန်ကြည့်လိုက်တော့ မှ Contact မှာပေါ်နေတာ "ကို" တဲ့လေ.....

"ကို "

"အဆင်ပြေတယ်မဟုတ်လား ထင် "

စိတ်ထဲ ချက်ချင်းကြီး ဆို့နင့်လာသည့် ၀မ်းနည်းမှုကို ပုံရိပ် ပင့်သက်တစ်ချက် ရှိုက်လိုက်ရင်း ....

"ဟင့်အင်း အဆင်မပြေဘူး.....နည်းနည်းလေးမှ အဆင်မပြေဘူး ..... တကယ် အဆင်မပြေတာ ကို "

ဖုန်းထဲမှ ထင့်အသံကြောင့် နေ့ရက်စိတ်ပူ
သွားရပြီး .....

"ဘာလို့လဲ ထင်...... ဘာဖြစ်လို့လဲ ... ဧကန ရန်ကုန်မှာ ပြဿနာ တစ်ခုခု
ဖြစ်လို့လား ထင် ..... ကိုယ့်ကိုပြောပါဦး "

"အရမ်းလွမ်းလို့ .... ကို့ကို အရမ်းသတိရလို့ "

"ထင်ရယ်.... ကိုယ်လဲ အရမ်းလွမ်းနေပါပြီကွာ "

"ပြဿနာတွေကအဆင်မပြေသေးဘူးလား ကို ..... US ဘက်ကကိုယ်စားလှယ်က ငွေတွေလိမ်ယူသွားတာဆို "

"အွန်း ဟုတ်တယ်..... US ဘက်က ကုမ္ပဏီက ကိုယ်တို့ ဒီဘက် Project အတွက် အဲ့ကိုယ်စားလှယ်ကို ငွေတွေလွှဲပြီးသွားပြီ .... ဒါပေမဲ့ သုကကြားထဲက လိမ်ယူပြီး ထွက်ပြေးသွားတော့ ကိုယ်တို့ဆီကို ငွေတွေက ရောက်မလာဘူးလေ ..... အခု ဒီက project က ရပ်ထား
ရတယ်လေ .... အဲ့ကိစ္စနဲ့ လုံးပမ်းနေရလို့ ဒီရက်ပိုင်း ကိုယ်လုံး၀ ဆက်သွယ်ဖို့ မအားတာ "

"အခုရော ကို ဘယ်လိုလုပ်မယ်လို့ စီစဥ်ထားလဲ "

"ဘယ်လို စီစဥ်ရမှာလဲ ထင်ရယ်.....ဟိုလူကို တွေ့အောင်ရှာရမှာပေါ့ .... ပြီးရင် U.S ဘက်နဲ့လဲ ပြန်ပြီး ညှိနှိုင်းမှရမယ်.....ကိုယ်ဒီမှာ နည်းနည်းတော့ ကြာဦးမယ်ထင်တယ် ထင် "

"ပိုက်ဆံလိမ်ယူသွားတဲ့ လူရဲ့ ဓာတ်ပုံဖြစ်ဖြစ် ပို့ပေးပါလား ကို "

"ဘာလုပ်မို့လဲ ထင် "

"ထင် လဲ ၀ိုင်းရှာပေးမယ်လေ "

"နေပါစေ ထင်ရယ်..... ထင်လဲ ထင့်အလုပ်နဲ့ ထင်တောင်မအားရတာကို "

🍀 အမုန်းများရဲ့ အလွန် 🍀Where stories live. Discover now