🍀 အပိုင်း 4 🍀

13.4K 478 2
                                    

Unicode:

အမုန်းများရဲ့  အလွန် ~

🍀 အပိုင်း 4 🍀

ပုံရိပ် ဒီနေ့ တနေကုန် သားနဲ့သမီးကိုပဲ
အပြည့်အ၀ အချိန် ပေးထားသည်....

သားကို ဆေးတိုက်ပြီး ချွေးလေး နည်းနည်း စို့ချင်တာနဲ့ အင်္ကျီကို ချက်ချင်းလဲ ပေးသည်..... သမီးလေးကိုလဲ ရေချိုး
ပေးပြီး သနပ်ခါးလူးပေးရန် ပုံရိပ်အခန်းထဲမှ ကျောက်ပြင် နဲ့ သနပ်ခါးတုံးကို ကလေးတွေ အခန်းထဲ ယူလာတော့ သမီး
က တဘက်ရင်လျားလေးနှင့် ပုံရိပ်ကို
နားမလည်သည့်ဟန် ငေးကြည့်နေသည်
......

"မေမေ အဲ့တာ ဘာလုပ်မို့လဲဟင် "

"သနပ်ခါးလိမ်းပေးမို့လေ သမီးရဲ့ "

"လီလီကိုလားဟင် "

"အင်းပေါ့ "

"လီလီကလေ တစ်ခါမှ သနပ်ခါး မလိမ်း ဖူးဘူး "

"ဟင် "

သမီးလေး စကားကြောင့် ပုံရိပ် အံ့သြသွားရသည် .....ဒါပေမဲ့ သေချာစဥ်းစားကြည့်တော့လဲ ဖြစ်နိုင်ပါသည်....
နေ့ရက်ဆက်က ဒီလို မျိုးတွေ သမီးလေးကို ဘယ်လုပ်ပေး တတ်မှာလဲ ..... ပြီးတော့ သမီးတက်သည့်ကျောင်းက international school ဆိုတော့ အဲ့က ကလေးတွေကလဲ အစိုးရကျောင်းက ကလေးတွေလို သနပ်ခါးလေးတွေနဲ့မှ မဟုတ်ကြတာ.....

"ဖေဖေက လီလီကို သနပ်ခါး တစ်ခါမှ
မလိမ်းပေးဘူး မေမေရဲ့ "

"ဖေဖေက ယောကျာ်းလေးလေ သမီးရဲ့  အဲ့တော့ သနပ်ခါး ဘယ်လိမ်းတတ်မှာ
လဲ ....အဲ့တော့ မေမေကပဲ လူးပေးမယ်နော် ....ကဲ မျက်လုံးလေးမှိတ်ထား "

သမီးလေး မျက်နှာပေါ် ဆံပင်တွေကျ
မလာအောင် ပုံရိပ် ကလစ်အကြီးလေးနဲ့ ညှပ်တင်ပြီးမှ သနပ်ခါးလေး ညီနေအောင် လိမ်းပေးပြီး ပါးကွက်ကိုကြီးကြီး
လေး ကွက်ပေးလိုက်သည် ....

သူ့အစ်မကို သနပ်ခါးလိမ်းပေးနေတာ မြင်တော့ သားကပါ အိပ်ရာထဲကထလာပြီး ပုံရိပ်ဆီ လုံးလုံး လုံးလုံးနှင့် ပြေးလာ
သည်.....

သူ့အစ်မပါးပေါ်က ပါးကွက်လေးတွေကို
ကြည့်ပြီး အသည်းယားသည်ထင်သည်....
ပုံရိပ်ကို ပါးလေးထိုးပေးသည်.... သဘော
ကတော့ သူ့ကိုလဲ မမလို လိမ်းပေးပါဟု...
ပုံရိပ် သားရဲ့ ပါးလေးနှစ်ဘက်ရယ် နဖူး
လေးရယ်မှာ သနပ်ခါးဘောလုံးလေး လုံးတင်ပေးလိုက်သည်......

🍀 အမုန်းများရဲ့ အလွန် 🍀Where stories live. Discover now