🍀 အပိုင်း 10 🍀

11.4K 391 0
                                    

Unicode:

အမုန်းများရဲ့ အလွန်~

🍀 အပိုင်း 10 🍀

"ချိုရေ မပြီးသေးဘူးလားကွာ ....ဒီမှာ
ကိုယ်နဲ့ သမီးလေး စောင့်နေတာ တော်တော်ကြာနေပြီနော် ...."

"ပြီးပါပြီတော်..... တော်ကတော့လေ တကယ်တည်း လေယာဥ်ချိန်က လိုပါသေးတယ်ရှင် ..... အရမ်းလောတာပဲ "

"ဟ ဒီမှာ မီးပွိုင့်မိမှာ ကားပိတ်မှာဘာညာနဲ့ ရှိသေးတယ်လေကွာ..... ကိုယ်နဲ့ သမီးလေး ဒီမှာထိုင်နေရတာ တော်တော်ကြာပြီ.... စိတ်ကို တော်တော်လေး ရှည်အောင် လုပ်ပြီး မင်းကိုစောင့်နေရတာ
..... "

"ပြီးပြီ ပြီးပြီ လာသွားကြမယ် .... တကယ်
ပဲ သမီးရေ .... သမီးဖေထွန်းကတော့
ပိုကိုပိုတယ်.... "

"ဟိုမှာ သားစောင့်နေရမှာဆိုးလို့ပါကွာ "

"ကဲပြီးပြီ ပြီးပြီ .... ဒီမှာကျွန်မကပြီးသွားပြီ....မြန်မြန်လာတော့ .... ရှင်ပဲလေကြောရှည်ပြီး ကြာနေတော့တာ "

"ဟောသမီး..... သမီးမေချိုကိုကြည့်ဦး
သူ့အပြစ်ကနေ ဖေထွန်းအတာကို ပြန်
လွှဲချတယ်ကြည့်စမ်း "

အခုအသက်အရွယ်အထိဆယ်ကျော်သက်လေးတွေလို တကျက်ကျက်ရန်ဖြစ်လို့
ကောင်းနေတဲ့ မေချိုနဲ့ ဖေထွန်းကို ကြည့်ပြီး ပုံရိပ် ပြုံးရုံသာပြုံးနေမိသည်......

ဒီနေ့က UK ကဘွဲ့ယူပြီးလို့ ပြန်လာမယ့်
နေ့ရက်ဆက်ကို သွားကြိုကြဖို့ တစ်အိမ်လုံး တက်ကြွနေကြခြင်းဖြစ်သည်......

5 နှစ်တောင်ကြာခဲ့ပါပြီ ..... မေမေရော
ဖေဖေရော ပုံရိပ်ဘ၀ကနေ ထွက်သွား
ခဲ့တာ ..... အဲ့ဒီအချိန်တုန်းကတော့
ပုံရိပ်ဘ၀ဟာ ဆောက်တည်ရာမဲ့ အလဲလဲ အပြိုပြိုနှင့် ရှေ့ဆက်လျှောက်ဖို့ မျှော်လင့်ချက် ပျက်သုဥ်းသွားသလို အလူးအလိမ့်
ခံစားခဲ့ရသည်......

အဆိုးဆုံးကတော့ မေမေနဲ့ ဖေဖေ ရက်လည်ဆွမ်းကျွေးပြီးတော့ ပုံရိပ်
ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးစားခဲ့ခြင်းပင်ဖြစ်သည်....အဲ့နေ့က
နေ့ရက်ဆက် သာ လာမကယ်ခဲ့ဘူးဆိုရင်
ပုံရိပ် ဒီနေ့ ဒီလို အချိန်မှာ ရှိနေတော့မှာ မဟုတ်ပေ .....

🍀 အမုန်းများရဲ့ အလွန် 🍀Where stories live. Discover now