🍀 အပိုင်း 15 🍀

11.6K 351 3
                                    

Unicode:

အမုန်းများရဲ့ အလွန်~

🍀 အပိုင်း 15 🍀

နိုးလာသည်ဟူသော အသိ၀င်သည်နှင့်
လည်ချောင်းအတွင်းမှ ပါးစပ်ဖျားဆီသို့
ပျို့တက်လာမှုကို အတင်းလက်နဲ့ အုပ်ကာ
သန့်စင်ခန်း ဆီသို့ အမြန်ပြေးရသည် .....

ဘေစင်ရှိရာ ခေါင်းအပ်ပြီး ထိုးအန်ရတော့သည် ...... အန်လို့ပြီးသွားတော့
ပါးစပ်ကို ရေနဲ့ ၂ခါ ၃ခါ ပလုတ်ကျင်းလိုက်ပြီး ဘေစင်ကိုလက်ထောက်ကာ
ပုံရိပ် ခဏ အမောဖြေနေရသည်.....

ဒီလို မနက်ခင်းတွေ ဘယ်တော့များမှ
ပုံရိပ်အတွက် ပြီးဆုံးတော့မှာပါလိမ့် ......

ကိုယ်၀န်စရှိထဲက ခံစားလာရတာ အခု ကိုယ်၀န်၈ပတ်ကျော်တဲ့အထိ ပုံရိပ်ရဲ့
မနက်ခင်းတိုင်းဟာ အမြဲဒီလိုပင် ......

"ထပ်ပြီး အန်ပြန်ပြီလား "

ရေချိုးခန်းအ၀မှ သူ့အသံကို ကြားတော့
ပုံရိပ် မသိချင်ယောင်ဆောင်ပြီး မျက်နှာ
ကို ရေနဲ့ လှမ်းသစ်လိုက်သည် ....

"ခဏလေးလေ .....ငါ ခေါင်းစည်းပေး
မယ် "

အသင့်ယူလာတဲ့ ခေါင်းစည်းကြိုးနဲ့
သူမဆံပင်တွေကို အသာစည်းယူလိုက်
သည်.....

၂ယောက်ကြားအဆင်မပြေ ဖြစ်သည့်အချိန်မှာ ထင် အလိုမတူဘဲ သူ့ဘက်က ကိုယ်၀န်အတင်းယူခဲ့စေမိသည့် အချိန်က
စပြီး ထင်က သူ့ကို ကောင်းကောင်း
စကားမပြောတော့ပါ ......

ဒါ့အပြင် ကိုယ်၀န်စရှိသည့်အချိန်မှာပင် သွေးဆင်းခဲ့သည်မို့ OG က ဖြစ်နိုင်လျှင်
အလုပ်မလုပ်ဘဲ အေးဆေးသက်သာစွာ
အနားယူခြင်းက ကိုယ်၀န်အတွက် ပိုစိတ်ချရသည်ဟု ပြောသောအခါ အလုပ်အရမ်းလုပ်ချင်သော ထင်ဟာ သူ့ကြောင့်
အလုပ်မလုပ်ရတော့ဘူးဟုဆိုကာ အခုဆို
သူ့ကို မေးထူးခေါ်ပြော သဘောမျိုးနှင့်
သာ ရှိတော့သည် ......

မနက်မိုးလင်းတိုင်း Morning sickness ဒဏ်ကို အလူးအလိမ့် ခံစား
ရသည့် ချစ်ရသူကိုလဲ သူမကြည့်ရက်
တော့ပါ.... ဖြစ်နိုင်လျှင် ထင် ခံစားရသမျှ အကုန်လုံး သူသာ ကိုယ်စား ခံစားလိုက်
ချင်ပါတော့သည် .....

🍀 အမုန်းများရဲ့ အလွန် 🍀Where stories live. Discover now