🍀 အပိုင်း 8 🍀

9.9K 370 4
                                    

Unicode:

အမုန်းများရဲ့ အလွန်~

🍀 အပိုင်း 8 🍀

မိဘတွေ အချင်းချင်းက ရေပက်မ၀င်အောင်  စကားတွေ ကောင်းနေကြပေ
မယ့် မျက်နှာချင်းဆိုင်ထိုင်နေကြသည့်
သူနဲ့ ပုံရိပ်ဆီကတော့ ဘာအသံမှ
ထွက်မလာပါ.....

"သားပန်းကန်ထဲကို ဟင်းထည့်ပေး
လိုက်ဦးလေ သမီးရဲ့ "

"ရပါတယ် အန်တီ.... ကျွန်တော့်ထဲ ဟင်း
တွေပုံနေပါပြီ .... "

မေမေက ပုံရိပ်ကို ဟင်းထည့်ပေးစေချင်
သည့်အရိပ်အယောင်နဲ့ ဆက်ကြည့်နေ
တုန်းမို့ ပုံရိပ် ခပ်မြန်မြန်ပဲ ကြက်သားဟင်း တစ်တုံးကို သူပန်းကန်ထဲ
ထည့်ပေးလိုက်သည်......

"သားလေးကလဲ အခုဆယ်တန်းဖြေထားပြီးပြီဆိုတော့ ပြီးရင် ဘာဆက်တက်မှာ
လဲ ချို .... "

"သားက နဂိုထဲက သူ့အဖေလုပ်ငန်းကို စိတ်၀င်စားတာမို့ Engineering ပဲတက်ခိုင်းမှာ ခင်ရေ .... သူကလဲ တက်ဖို့ သဘောတူတယ်လေ "

"ဒီမှာပဲတက်မှာလား ချို "

"မဟုတ်ဘူး ခင်ရေ.... သားက သူ့ဘကြီးရှိတဲ့ UK မှာတက်ချင်တာတဲ့ .... အဲ့တာ ဟိုက ဘကြီးဖြစ်သူက သိသိချင်းတောင် လှမ်းခေါ်နေလို့ ချိုတို့မှာ result ထွက်ပြီး
တဲ့အထိစောင့်ပါဦးဆိုပြီး မနည်းစောင့်
ခိုင်းထားရတယ် ခင်ရေ..... "

"ကိုထွန်းမောင်တို့ကတော့ အမော​ပြေဦးမှာပေါ့ဗျာ.....လိမ္မာအားကိုးရတဲ့ သား
တစ်ယောက်လုံးရှိနေတော့ "

ဖေဖေကပါ သဘောတကျ ၀င်ပြောသော
အခါ ပုံရိပ် စိတ်ထဲတင်းခနဲ ဖြစ်သွားပြီး....

"ဖေဖေပြောချင်တာက ဖေဖေကတော့ သမီးရှိနေလို့ အမောမပြေဘူးပေါ့ ... အဲ့လိုလား "

ပုံရ်ပ် မကျေမနပ်နှင့် စူပုတ်ပုတ်လေး
ပြောလိုက်သည့်အခါ လူကြီးတွေအကုန်
လုံးက သဘောတွေကျပြီး ရယ်ကြပါလေ
တော့သည်....

သူ့ကိုကြည့်လိုက်တော့လဲ ခေါင်းကိုငုံ့ပြီး
ပခုံးတွေလှုပ်တဲ့အထိ ရယ်နေသည်....

ဘာလဲ .... ပုံရိပ်ပြောသည့်အထဲ ဘာတွေ
ရယ်စရာပါသွားလို့ အဲ့လောက်ထိ ရယ်နေ
ကြပါလဲ ....

🍀 အမုန်းများရဲ့ အလွန် 🍀Where stories live. Discover now