🍀 အပိုင်း 24 🍀

13.3K 365 4
                                    

Unicode:

အမုန်းများရဲ့ အလွန်~

🍀 အပိုင်း 24 🍀

"မ...မ.....မမ ... မမ "

"ဟင် ဂွန်းလေးရေ.... နောက်ထပ် ၅မိနစ်ပဲ.... ၅မိနစ်လေးပဲနော် မမ ခဏလေး ထပ်အိပ်ချင်သေးလို့ပါ "

အာ......ဘွား .......

"အာ.... ဒီကလေးလေးကတော့ မမကို သွားရည်တွေနဲ့ အော့အော့တွေ လာလုပ်နေတယ် .... ဂွန်းလေးရေ "

ဂွန်းလေးက အစ်မဖြစ်သူကိုကြည့်ပြီး
တခစ်ခစ်ရယ်နေသည်.....

လီလီ အိပ်ရာမှ ကောက်ထိုင်လိုက်ပြီး
သူမကိုလာစနေသော အကောင်ပေါက်လေးကို အိပ်ရာပေါ် ပစ်လှဲလိုက်ပြီး
ဗိုက်ဖောင်းဖောင်းလေးကို လက်ညှိုးလေးနဲ့ ကလိစထိုးပါတော့သည်......

"မမ... ရားရယ် "

"ယားလဲ ထိုးမှာပဲကွာ....မှတ်ပြီလား...
မမအိပ်နေတာကို နောက်လာနှောင့်ယှက်ဦးမှာလား ပြော ....."

"ရားရယ်.... မမ တော်ပီ ...  တော်ပီ "

"အမယ်.... မမ ဂွန်းလေးက အင်္ကျီအသစ်
လေးနဲ့ပါလား .... ဘယ်သွားမို့လဲ "

"မမ "

"ရှင့် .... ရှင့် "

"ဟတ် ပီး ဘတ် ဒေး "

"အယ် ဂွန်းလေး "

"ဟတ် ပီး ဘတ် ဒေး .... ဟတ် ပီး ဘတ် ဒေး .... "

ဂွန်းလေးက လက်ခုပ်လေးတီးပြီး လီလီလေးအား ဟတ်ပီးဘတ်ဒေး ဟု ပြောနေသည်.....

"ဂွန်းလေးက မမကို Happy Birthday လာလုပ်ပေးနေတာလား ...
မမမောင်လေးက လိမ္မာလိုက်တာ... မမက
အာဘွားပြန်ပေးမယ် လာပါဦး "

လီလီ တစ်ယောက် ဂွန်းလေး၏ ပါးဖောင်းဖောင်းလေး တစ်ဖက်တစ်ချက်စီကိူ အာဘွားလေးတွေ ပေးလိုက်တော့ ဂွန်းလေးက တခစ်ခစ်နဲ့ ရယ်ပြန်ပါသည်....

"Happy Birthday ပါ ဖေဖေ့ရဲ့ မင်းသမီးလေးရေ....."

အခန်းထဲကို confetti လေးတွေဖောက်ပြီး ၀င်လာသော နေ့ရက်.....

"ဖေဖေ "

လီလီက ခုတင်ပေါ်မှပြေးဆင်းပြီး နေ့ရက်ကို သွားဖက်သည်.....

"ဖေဖေ့မင်းသမီးလေး ကောင်းကောင်း
အိပ်ပျော်ရဲ့လား "

"ဟုတ်ဖေဖေ .... ကောင်းကောင်းအိပ်ပျော်တာမှ လုံး၀တစ်ရေးတောင်မနိုးဘူး....."

🍀 အမုန်းများရဲ့ အလွန် 🍀Where stories live. Discover now