🍀 အပိုင်း 25 🍀

14.1K 361 14
                                    

Unicode:

အမုန်းများရဲ့ အလွန်~

🍀 အပိုင်း 25 🍀

"ဖေဖေ .... အထု ငယ်ငယ်ရေးက ထွက်လာတော့မှာရား "

"ငယ်ငယ်လေးက ထွက်လာဖို့ အဝေးကြီး
လိုပါသေးတယ် သားရဲ့ ..... ဖေဖေတို့က အခု မေမေ့ ဗိုက်ထဲမှာ ငယ်ငယ်လေး ကောင်းကောင်းရှိနေရဲ့လားဆိုတာကို လာကြည့်တာ ...... "

"ဒါချို ငယ်ငယ်ရေးကို တွေ့ရမှာရား ...."

"တွေ့ရမှာပေါ့သားရဲ့ ..... "

သားအဖ၂ယောက် ဘေးနားကနေ စကားတွေ တတွတ်တွတ်ပြောနေကြပေမယ့် ဘာမှ ၀င်မပြောနိုင်တဲ့ သူမှာ ပုံရိပ်ဖြစ်သည်.....

သမီးလေး မွေးနေ့မှာ မေ့လဲကျသွားပြီး
သတိပြန်ရလာတော့ ကြားလိုက်ရသည့်
သတင်းက သူမအား Shock အကြီးကြီး
ရသွားစေသည်.....

နောက်ထပ် ကိုယ်၀န်ထပ်ရှိနေပြန်ပြီတဲ့.... သူမရဲ့ ထို၀မ်းသာစရာ သတင်းကြောင့် ခရီးလွန်နေကြသည့် မေချိုနဲ့ ဖေထွန်းတောင် ဒီကို ပြန်လာကြတော့မယ်
တဲ့လေ......

သူမသတိရလာလာချင်း ကို က သူမနဲ့
အကြည့်ချင်းကို မဆုံပါ.... ညရောက်မှ သူမခါးကို ဖွဖွလာဖက်ပြီး "ထင် ကိုယ့်ကို စိတ်ဆိုးနေလား" တဲ့.....

ဒီတစ်ခေါက် ကိုယ်၀န်ကတော့ သူမလဲ
မထင်မှတ်ဘဲ ရသွားခဲ့တာ ဖြစ်သည်....

ကို U.S ကနေ ပြန်ရောက်တော့ အလွမ်းတွေ အတိုးချရင်း အနမ်းတွေကြား နစ်မွန်းနေရာကနေ ကာကွယ်တားဆီးဖို့တွေ မေ့လျော့ရင်း ရလာခဲ့ရတာ ဖြစ်သည်....

အရင်လို ပူလောင်ခြင်းလောဘတွေ မရှိတော့တာမို့ ဒီတစ်ခေါက်ရောက်လာမယ့် ကလေးလေးကိုတော့ သူမနွေးထွေးစွာ ကြိုဆိုမိသည်..... တစ်ဆက်ထဲမှာပဲ
သားနဲ့ သမီး သူမဆီစရောက်သည့် အချိန်တွေကို တွေးမိတော့ သူတို့လေးတွေ အပေါ် အလိုလို အားနာမိရင်း ပိုပြီး ဖြည့်ဆည်းပေးချင်စိတ် ဖြစ်မိသည်.....

ဒါပေမဲ့ ဒီကလေးလေးမွေးပြီးရင်တော့
ပုံရိပ် သားကြောဖြတ်မှ ရတော့မည်....

အခုက သမီးလေးကို ကျောင်း၀င်ပို့ခဲ့ပြီး
ဗိုက်ထဲမှ ကလေးအခြေအနေ သိရရန်
သားလေးကိုခေါ်ပြီး သူမတို့ ဆေးရုံ
ရောက်နေခြင်း ဖြစ်သည်.....

🍀 အမုန်းများရဲ့ အလွန် 🍀Where stories live. Discover now