🍀 အပိုင်း 13 🍀

11.6K 378 1
                                    

Unicode:

အမုန်းများရဲ့ အလွန် ~

🍀 အပိုင်း 13 🍀

မေချိုပြင်ပေးထားသည့် မင်္ဂလာအိပ်ခန်းမကြီးကို ကြည့်ပြီး ပုံရိပ်ပြုံးလိုက်မိသည်....

ဒီနေ့ညကစပြီး သူနဲ့ပုံရိပ် နှစ်ယောက်
တစ်ဘ၀စတင်ရတော့မှာပါလားဆိုပြီး
တွေးမိတော့ ရင်ထဲသိမ့်ခနဲ တုန်သွားသည်......

၂ယောက်အတူ ပထမဦးဆုံးdate လုပ်ခဲ့ကြတဲ့နေ့က အိမ်ပြန်လမ်းမှာ နေ့ရက်က
သူမကို ချစ်တယ်ဟု ဖွင့်ပြောခဲ့သည်....
အတူတူနေချင်ပြီဟုဆိုကာ လက်ထပ်ရန်ပါ တစ်ပါထဲ ပြောခဲ့လေသည်....

မေမေ့နောက်ဆုံးချိန်ကပြောခဲ့သည့်
စကားကို နားထောင်ချင်တာရော
ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်တော့လဲ နေ့ရက်အပေါ် ချစ်သည်ပဲ အဖြေထွက်လာ၍ နောက်ဆုံး နေ့ရက်သဘောထားကို
မငြင်းဆန်နိုင်ကာ လက်ထပ်ရန် ပုံရိပ် ခေါင်းငြိမ့်မိခဲ့သည် ....

အိမ်ပြန်ရောက်တာနဲ့ လူကြီးတွေကိုဖွင့်ပြောတော့ ဘယ်အချိန်ထဲက သူမတို့နှစ်ယောက်ကို လက်ထပ်စေချင်နေလဲမသိ
သည့် မေချိုက တစ်လအတွင်းမှာပဲ
လက်ထပ်ပွဲကို ကြီးကြီးကျယ်ကျယ်
ခမ်းခမ်းနားနားဖြစ်စေခဲ့သည်.....

မနက်ကို Sedona Hotel မှာ မင်္ဂလာ
ဧည့်ခံပွဲလုပ်ပြီး ညနေကိုတော့ ခြံထဲမှာ လူရင်းတွေပဲဖိတ်တဲ့ Dinner လေးလုပ်တာမို့ မနက်ကပွဲမှာ ဧည့်သည်တွေ
လိုက်ဧည့်ခံရပြီး ပင်ပန်းခဲ့သလောက်
ညနေ Dinner ကျတော့ အေးအေး
ဆေးဆေး သက်သက်သာသာပင် ပြီးဆုံးသွားရသည်......

နေ့ရက်ကတော့ Bachelor Night ဆိုပြီး ခြံထဲမှာ ဝေယံတို့ကောင်းခန့်တို့က အတင်းဆွဲထားတာမို့ ပုံရိပ်တစ်ယောက်ပဲ အရင်နားချင်၍ အပေါ်သို့ပြန်တက်လာခြင်းဖြစ်သည်....

အရင်ဆုံး ကော်တွေနဲ့တောင့်နေပြီဖြစ်သောဆံပင်ကို ပျော့သွားအောင် ခေါင်းလျှော်ရင်း ရေပါတစ်ခါထဲ ချိုးလိုက်မည်ဟု စိတ်ထဲကတွေးလိုက်သည်.....

ရေချိုးပြီးတဲ့အခါ ခေါင်းကို ခြောက်အောင် dryer နဲ့မှုတ်ပြီး တလောက
၀ယ်ထားခဲ့သည့်ကြိုးတစ်ချောင်း
ငွေရောင် ပိုးသားည၀တ်ဂါ၀န်လေး ၀တ်လိုက်သည် ....

🍀 အမုန်းများရဲ့ အလွန် 🍀Where stories live. Discover now