🍀 အပိုင်း 20 - ဒုတိယပိုင်း🍀

14.8K 389 4
                                    

Unicode:

အမုန်းများရဲ့ အလွန်~

🍀 အပိုင်း 20 ဒုတိယပိုင်း 🍀

"ထင် "

"ဟင် "

"ဒီနေ့ အလုပ်သွားမှာလား "

"မသွားသေးဘူးလေ .... သားလေးက အခုမှ နေကောင်းတာဆိုတော့ ဒီနေ့ တစ်ရက်တော့ စောင့်ကြည့်လိုက်ဦးမယ်....
အလုပ်တွေကလဲ ထွေထွေထူးထူး မရှိတော့ ၀တ်မှုန်နဲ့ အကုန်လွှဲထားလို့ ဖြစ်သေးတယ် "

"အဲ့တာဆို ကိုယ်လဲ မသွားတော့ဘူး "

"ကိုက ဘာလို့မသွားမှာလဲ "

"ကိုယ်လဲ မင်းတို့သားအမိတွေနဲ့ အတူရှိချင်လို့လေ ...... ဒီနေ့ တစ်နေ့တော့ အလုပ်မသွားချင်ဘူးကွာ ....."

"အဲ့လိုလုပ်လို့မဖြစ် "

"ဟာ ထင်ကလဲ လုပ်ပါကွာနော် ....နော်လို့ ..... "

ပုံရိပ်ပခုံးပေါ် မေးတင်ပြီး ကလေးဆိုးကြီးလို ချွဲနေသည့် နေ့ရက်ကြောင့် နောက်ဆုံးတော့ပုံရိပ်ပဲ အလျှော့ပေးလိုက်
ရသည်.......

သားနဲ့ သမီးကို ပုံရိပ်မနက်စာ ကျွေးနေတဲ့ အချိန် သူက ဒီနေ့ Company မလာ ဖြစ်ကြောင်းကို သူ့အတွင်းရေးမှူး
ကောင်လေးအား ဖုန်းဆက်ပြီး လှမ်းပြောနေသည်.......ပြီးမှ ပုံရိပ်တို့ရှိနေသည့် ထမင်းစားခန်းဘက် ၀င်လာပြီး .....

"ဟာ.... ဖေဖေ့ သားနဲ့ သမီးက ဘာတွေ စားနေကြတာလဲ "

" Tea နဲ့ Butter Cake လေး ဖေဖေ"

သမီးက သူ့အမေးကို ခေါင်းလေးလှည့်ပြီး
လှမ်းပြောသည်.....

သားကတော့ သူ့ကိုမြင်သည့်နှင့် ကလေးထိုင်ခုံလေးထဲကနေ လက်ကလေးရှေ့ထုတ်ကာ ချိုမိုင်မိုင်လုပ်ပြရင်း ချီပါ ချီပါ ဟု အတင်း သူ့ကိုခေါ်ခိုင်းသည်.....

နေ့ရက်မှာ သားသဘောကျ ချီလိုက်ရပြီး ပေါင်ပေါ်ထိုင်ခိုင်းလိုက်သည်......

"ကို .... စားတော့မလား ဘုတ်ဘုတ်ကို
ထည့်ခိုင်းလိုက်တော့မယ် "

"အင်း စားမယ်လေ ..... မနက်စာက
ဘာလဲ "

"မိုးသားတို့အိမ်က ရွှေတောင် ခေါက်ဆွဲတဲ့ ..... သူတို့ကိုယ်တိုင်လုပ်စားကြလို့ လာပို့တာတဲ့ ..... "

🍀 အမုန်းများရဲ့ အလွန် 🍀Where stories live. Discover now