🍀 ဇာတ်သိမ်းပိုင်း 🍀

26.8K 589 33
                                    

Unicode:

အမုန်းများရဲ့ အလွန်~

🍀 ဇာတ်သိမ်းပိုင်း 🍀

သမီးက အိမ်စာလုပ်နေသည် ... သားလေးက ဆေးရောင်ခြယ်နေသည်.....
ထင်ကတော့ သားနဲ့ သမီးကို ကူပြီး ကြည့်ပေးနေသည်.....

"မေမေ Alligator နဲ့ Crocodile က
ဘာကွာလဲဟင် ..... မိကျောင်းတွေချည်းပဲ မဟုတ်ဘူးလားဟင် .... ဘာလို့ နာမည်
၂မျိုး ဖြစ်နေတာလဲ "

"ကွာတာပေါ့ သမီးရဲ့ ..... မိကျောင်းချင်း
တူပေမယ့် alligator ရဲ့ ခေါင်းလေးက တိုတိုလေး အဲ့တာကြောင့်သူ့ကို မိကျောင်းခေါင်းတိုလို့ခေါ်ကြတာ....
crocodile ရဲ့ ခေါင်းကျတော့ အရှည်ကြီးလေ.... သူ့ကိုကျတော့ မိကျောင်းခေါင်းရှည်လို့ခေါ်တယ် "

"မိကျောင်းကြီး ကြောက်ကြောက် ...."

သမီးနဲ့ ပုံရိပ်ပြောနေသည့် စကား၀ိုင်းထဲ သားကပါ ၀င်ပြောသည်....

သူ့စာအုပ်အဖုံးက မိကျောင်းကာတွန်းပုံ
ကို လက်ညှိုးလေး ထိုးပြပြီး သူကြောက်ပါသည်ပေါ့ .....

သားက လာမယ့်နှစ်ဆို Kg စတက်ရတော့မှာ ဖြစ်သည်....အဲ့တာကြောင့် လူကြီး
တွေ စကားပြောရင် လိုက်နားထောင်တတ်ပြီး သူသိသည့်အရာဆို သူပါ ၀င်၀င်ပြီး ပြောတတ်သည်....

သမီးကတော့ ချစ်ခြင်းလေးနဲ့အတူ
international school ဆက်တက်
နေတုန်းဖြစ်သည်..... English ကျောင်းတက်လို့ဆိုပြီး မြန်မာစာကိုလဲ အားနည်း
မသွားစေရန် ဆရာတစ်ယောက်ခေါ်ပြီးအိမ်မှာပဲ ချစ်ခြင်းလေးနဲ့အတူ သင်စေသည်.....

"မေမေ ... ဆရာကလေ လီလီတို့ကို စာသင်ရင် မပြုံးဘူးနော် .... "

"ဆရာက ခပ်တည်တည်နေတတ်လို့ပေါ့ သမီးရဲ့ "

"လီလီ နဲ့ ချစ်ခြင်းကလေ ဟိုတစ်ခါတုန်းက ဆရာ ဖုန်းသွားပြောတုန်းလေ ဆရာ ပိုက်ဆံအိတ်ကို ဖွင့်ကြည့်တာ .... ဆရာ့ ပိုက်ဆံအိတ်ထဲမှာ ဆရာ့ မိန်းမပုံလေး ရှိတယ်သိလား မေမေ .... ဆရာ့မိန်းမကလေ အရမ်းချစ်ဖို့ကောင်းတာပဲ....  "

"ဟယ် သမီးလေး .... သူတစ်ပါး ပစ္စည်းကို သူမသိပဲနဲ့ မကိုင်ရဘူးလေ ...."

"လီလီ က ဆရာ့ပိုက်ဆံအိတ်လေးကို သဘောကျသွားလို့ပါ မေမေရဲ့ .... "

🍀 အမုန်းများရဲ့ အလွန် 🍀Where stories live. Discover now