sunday ကျရင်

2.2K 87 2
                                    

အခန်း(၆၂)

ခန်းဆီး၏အကာအကွယ်ဖြင့် မနက်ခင်း၏ အလင်းရောင်မှာ အိပ်ခန်းထဲသို့တိုက်ရိုက်ဝင်ရောက်လာနိုင်ခြင်းမရှိ။
သို့သော်အိပ်ရေးကဝနေပြီမို့ Black ကမျက်လုံးအစုံကိုဖွင့်ချလိုက်သည်။

မျက်လုံးကိုဖွင့်ချလိုက်လျှင် ကျယ်ပြန့်သောသူ့ရင်ခွင်အား မျက်ဝန်းထဲ၌ဆီးမြင်လိုက်ရသည်။
နက်မှောင်သော ညဝတ်အင်္ကျီကြောင့်သာမဟုတ်လျှင် ရင်သပ်ရှုမောဖွယ်ရာ ကြွက်သားများကို
အမြောင်းလိုက်တွေ့နေရအုံးမှာဖြစ်သည်။

တစ်နှစ်မပြည့်သေးပေမယ့် လပေါင်းများစွာကြာသည်အထိ သူနဲ့အတူတစ်ကုတင်ထဲမှာအိပ်စက်ခဲ့ဖူးသည်။
သို့သော် သူ့အလိုကျအတိုင်း သူ့ရင်ခွင်ကျယ်ထဲမှာ အသာတကြည်လေးအိပ်စက်ခဲ့တာကတော့ ဒါပထမဆုံးအကြိမ်ဖြစ်သည်။

ပထမဆုံးသောအကြိမ်အဖြစ် သူ့လက်မောင်းကိုခေါင်းအုံးအဖြစ်အသုံးပြုပြီးအိပ်စက်ခဲ့သလို
ပထမဦးဆုံးအကြိမ်အဖြစ် သူ့ရင်ခွင်ထဲသို့တိုးဝင်ကာ အပူအပင်ကင်းကင်းနှင့်အိပ်စက်မိခြင်းဖြစ်သည်။
တုပ်တုပ်မျှမလှုပ်သေးဘဲ ငြိမ်သက်စွာထွေးပွေ့ထားသည့် သူ့လက်ချောင်းကိုဘယ်ကဘယ်လို အရင်စဖယ်ရင်ကောင်းမလဲလို့ Black ကစဥ်းစားသည်။
Dark ဆိုတဲ့လူတစ်ယောက်မှာ ညောင်းတယ်ပြုတယ်ဆိုတဲ့ခံစားချက်လေးများ ရှိရောရှိတတ်ရဲ့လားမသိ။

ကိုယ့်ခေါင်း၏အလေးချိန်ကို တစ်ညလုံးအပင်ပန်းခံကာသယ်ထားပေးသည့် လက်ကရွေ့လျားခြင်းအလျဥ်းမရှိ...
ဒါ့အပြင် တစောင်းလေးတိုးဝင်နေသည့် ကိုယ့်တစ်ကိုယ်လုံးကို ခါးကနေသိမ်းကျုံးဆွဲဖက်ထားသည့် လက်ကလည်းယခုထိကိုတင်းကျပ်ခိုင်မာနေဆဲ။

" ဟွန်း... "

သူ့မျက်နှာကိုမော့ကြည့်မိလိုက်လျှင် မြင်လိုက်ရသည့်အရာကြောင့် Black မှာ စိတ်ကိုမထိန်းထားနိုင်ဘဲ အသံပါထွက်ကျသည်အထိရယ်မိသွားသည်။
အကြောင်းမှာကိုယ့်ကျေးဇူးနဲ့ယခုထိကို နီနေရှာသော နားရွက်တွေကြောင့်။

တမင်အသည်းယားသောကြောင့် နားရွက်တွေကိုချည်း ကိုက်ပစ်ခဲ့တာဖြစ်သည်။

Dark's Black _ Season(2) *{Completed}*Tempat cerita menjadi hidup. Temukan sekarang